Channel Myanmar

Pinku Peter

Rani Chithira Marthanda (2023) 8
Rani Chithira Marthanda (2023) Rani Chithira Marthanda (2023)IMDb 8/10 .....ဘဝဇာတ်ခုံ....CM ပရိသတ်ကြီးကို ထူးခြားကောင်းမွန်တဲ့ မလေယာလမ်းဘာသာစကားပြော အိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်တောင်ပိုင်း မဆလးယာလမ်းသရုပ်ဆောင်တွေပဲ ပါဝင်ထားပြီး နာမည်မကြီးဝိတ်မရှိပေမဲ့ သူ့နေရာနဲ့သူတော့ ဇာတ်ကြောင်းကိုကောင်း‌မွန်စွာ ပုံဖော်သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိဘူးပဲ‌ ပြောပါရစေအိန္ဒိယကားတွေကို အိုဗာအိုက်တင်တွေ မင်းသားအသားပေးဇာတ်ကောင်တွေကြောင့် ကြိုက်တဲ့သူရှိသလို တစ်ခါတလေစိတ်ကုန်မိတဲ့သူတွေလည်း ရှိမှာပါဒီကားလေးမှာ‌တော့ လှပတဲ့ရှုခင်းတွေရယ် ရိုးရှင်းတဲ့ဇာတ်ကောင်တွေရယ် သဘာဝကျတဲ့ဇာတ်အိမ်ရယ် သုံးခုကိုသုံးနာညီတြိဂံလို အချိုးကျကျပေါင်းစပ်ကာ ပရိသတ်ကြည့်နေကျ ဘောလီးဝုဒ်ကားတွေနဲ့ ရသတစ်မျိူး တမူထူးကာပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အဖေကိုအရမ်းကြောက်ရတဲ့ အန်ဆွန်ရယ် သူ့အဖေရယ် သူတို့ရဲ့ဆေးဆိုင်လေးရယ် နိစ္စဓူဝနေ့စဉ်ဘဝလေးမှာ အန်ဆွန်နဲ့ ကောင်မလေးတစ်ယောက် စတင်သိကျွမ်းသွားပြီးတဲ့နောက်တော့ .... ဘာဆက်ဖြစ်မလဲကတော့ သိသာရင်လဲ သိသာမှာပါဒါပေမဲ့တချို့ဇာတ်ကားတွေက ဘာဆက်ဖြစ်မလဲဆို‌တာထက် ဘယ်လိုဖြစ်သွားလဲရိုက်ပြတာကို ကြည့်နေရတာကလည်း ရသတစ်မျိုးပဲမို့ CM ပရိသတ်ကြီးကို ဘဝသရုပ်မှန်ပုံဖော်‌ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…1.75GB / 750MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Rani Chithira Marthanda (2023)

2023