Channel Myanmar

Ridley Scott

Alien: Covenant (2017) 6.7
Alien: Covenant (2017)     ဒီတစ်ပတ်ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ကိုတော့ သည်းထိတ် ရင်ဖိုစိတ်ကူးယဉ် သိပ္ပံအက်ရှင် ကား Alien:Covenant ကို ညွှန်းဆိုလိုက်ပါတယ်။   ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။   Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။   အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့ အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။ နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီး အဲဒီလူတွေထဲကနေ ဂြိုဟ်သား ...
6.7
IMDB: 6.7/10 99,279 votes
movie

Alien: Covenant (2017)

2017
Blu-Ray 720p
Prometheus (2012) 7.0
Prometheus (2012) Prometheus 2012 Review ၂၀ ရာစုအတွင်းထွက်ရှိခဲ့တဲ့ Alien ရုပ်ရှင်တွေကိုကျောရိုးယူထားပါတယ်။ လူသားတွေရဲ့အစ ဖန်ဆင်းရှင်ကိုရှာဖွေချင်သူ ဒေါက်တာ Elizabeth Shaw ဦးဆောင်တဲ့အဖွဲ့ဟာ ၄နှစ်ကြာခရီးဆန့်ပြီး ဝေးကွာတဲ့ ကမ္ဘာတစ်ခုဆီရောက်ရှိချိန်မှာတော့ ဖန်ဆင်းရှင်တွေက သူထင်ထားသလို လူသားတွေအပေါ်ကောင်းကျိုးပေးမှာမဟုတ်မှန်း သိလိုက်ရတဲ့အခါ... Oscar nomination ၀င် ရုပ်ရှင်တစ်ခုဖြစ်ပြီး အခြားဆု ၆ ဆုလည်းရရှိထားပါတယ်။ ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။   အစဉ်လိုက်တိုင်း ကြည့်မယ်ဆိုရင်တော့   Alien (1979) Aliens (1986) Alien 3 (1992) Alien: Resurrection (1997) Prometheus (2012) Alien: Covenant (2017)
7.0
IMDB: 7.0/10 534,820 votes
movie

Prometheus (2012)

2012
Blu-Ray 720p
Alien (1979) 8.5
Alien (1979) Nostromo အာကာသလွန်းပျံကြီးရဲ့ လုပ်ငန်းစဉ်ပြီးဆုံးလို့အိမ်ပြန်စဉ်မှာပဲ သက်ရှိကင်းမဲ့တဲ့ဂြိုဟ်တစ်ခုဆီက အချက်ပြမူတစ်ခုပေါ်လာတယ်။ ကမ္ဘာပေါ်ကပင်မစခန်းမှူးရဲ့ အမိန့်ပေးချက်အရ Nostromo အဖွဲ့သားတွေအားလုံး အဲ့ဒီဂြိဟ်ပေါ်ကြားဖြတ်စစ်ဆင်ရေးသွားရတဲ့အခါမှာ မထင်မှတ်တဲ့မျိုးစိတ်တစ်ခုနဲ့တွေ့ပြီး ကြမ္မာဆိုးစငြင်လာပါတော့တယ်။ လူသူကင်းမဲ့တဲ့စကြ၀ဋ္ဌာအလယ်မှာ သင့်ရဲ့အော်ဟစ်သံကို ဘယ်သူမှမကြားနိုင်တဲ့အတွက် ကံတရားနဲ့ ဥာဏ်စွမ်းရှိသူမှပဲ အသက်ရှင်လွတ်မြောက်နိုင်မှာပါ။ ၁၉၇၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပထမဆုံး Sci-fi ရုပ်ရှင်ဖြစ်ပြီး ပရိသတ်တစ်ချို့က classic လို့တောင်ပြောကြပါတယ်။ အားလုံးပဲကြည့်ရူပြီး classic ဟုတ်မဟုတ်ဆုံးဖြတ်ပေးကြပါဦး။ ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။   အစဉ်လိုက်တိုင်း ကြည့်မယ်ဆိုရင်တော့   Alien (1979) Aliens (1986) Alien 3 (1992) Alien: Resurrection (1997) Prometheus (2012) Alien: Covenant (2017)
8.5
IMDB: 8.5/10 704,268 votes
movie

Alien (1979)

1979
Blu-Ray 720p
Exodus: Gods and Kings (2014) 6.0
Exodus: Gods and Kings (2014) ဒီကားလေးကတော့မင်းသား Christian Baleခေါင်းဆောင်ပါဝင်ထားတဲ့ကားလေးပါ ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animationဇတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ် တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါ အရမ်းကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားလို့ပြောလဲမမှားပါဘူး ဇတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရတော့မှာပါ အဲတုန်းကဟီဘရူးလူမျိုးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ် ဟောစာတမ်းအရ နန်းလုခံရမှာစ်ုးလို့ အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ် ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကို ဘယ်လိုကျွန်အဖြစ်ကနေလွတ်မြောက်အောင် လုပ်ဆောင်သွားပေးမလဲဆိုတာကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဒါမပြင် နိုင်ငံတစ်ခုလုံး ကပ်ဘေးကြရောက်တဲ့ကခြေအနေတွေကိုလဲ မြင်တွေ့ရမှာပါ ဘုရင်တစ်ယောက်ရဲ့တိုင်းပြည်အပေါ် အာဏာရှိမှုနဲ့ အီဂျစ် အလေ့အထ သဘောသဘာဝကိုပါ စိတ်ဝင်တစားမြင်တွေ့ရမှာပါ ... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kaung Myat Thu ပဲဖြစ်ပါတယ်)   File Size : (1.48 GB) & (355 MB) Quality : .1080p.BluRay Running Time : 2h 30min Format : Mp4 Genre :  Action,Adventure,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung Myat Thu Encoded by Arkar ...
6.0
IMDB: 6.0/10 147,947 votes
movie

Exodus: Gods and Kings (2014)

2014
Blu-Ray 1080p
The Martian (2015) EXTENDED 8.0
The Martian (2015) EXTENDED Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါင်္ဂြိုလ်ပေါ်ကို လေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။ မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။ မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ . သတိရရချင်းပဲ အဂါင်္ဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲ ကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါ လုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အဂါင်္ဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။ စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲ အပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီး သူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့ အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့် ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာ တကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်း ဝပ်နေးကို အဂါင်္ဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အဂါင်္ဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာ ရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲ အစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်း လူငယ်လေးတစ်ယောက်ရဲ့ ...
8.0
IMDB: 8.0/10 644,462 votes
movie

The Martian (2015) EXTENDED

2015
Blu-Ray 1080p 5.1 CH
Black Hawk Down (2001) 7.7
Black Hawk Down (2001) ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ် အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့ တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ် ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူးကို အုပ်စိုးခဲ့ပါတယ် နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ် Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ တစ်ရက်နီးပါးကြာမြင့်သွားပါတယ် ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ ...
7.7
IMDB: 7.7/10 323,512 votes
movie

Black Hawk Down (2001)

2001
Blu-Ray 1080p
All the Money in the World (2017) 7.0
All the Money in the World (2017) ၁၉၇၃ ခုနှစ်​ ​ရောမမြို့မှာ မျက်​နှာဖုံးစွပ်​ထားတဲ့ လူ​တွေဟာ John Paul Getty ဆိုတဲ့ ဆယ်​​ကျော်​သက်​​ကောင်​​လေးကို ပြန်​​ပေးဆွဲခဲ့ပါတယ်​ သူ့အဘိုး Jean Paul Getty က​တော့ အချမ်းသာဆုံး ဘီလီယံနာတစ်​​ယောက်​ပါ ဒီ​တော့ သူ့အ​မေ Gail က သူ့အဘိုးဆီက ​ငွေညှစ်​ဖို့အတွက်​ ပြန်​​ပေးဆွဲခဲ့တာပါ Getty ကငြင်းဆန်​တဲ့အခါမှာ​တော့ သူ့သားကို ဖမ်းတဲ့သူ​တွေက နှိပ်​စက်​လာတဲ့အတွက်​​ကြောင့်​ သူ့ကို လွှမ်းမိုးဖို့ သူမကြိုးစားပါ​တော့တယ် ​ ဒီ​တော့ အချိန်​ကြာလာတဲ့အခါ Gail နဲ့ Getty ရဲ့အကြံ​ပေးတို့ ၂ ​ယောက်​ရဲ့ ပြိုင်​ပွဲမှာ ဘာ​တွေဖြစ်​လာမှာလဲ သိချင်​ရင်​​တော့ ၂၀၁၇ ကထွက်​ခဲ့တဲ့ All the money in the world ဆိုတဲ့ဇာတ်​ကား​လေးကို ကြည့်​ရှုလိုက်​ကြပါလို့ ညွှန်း​ပေးပါရ​စေ IMDb rating 6.9 ထိရထားတဲ့ ဇာတ်​ကား​ကောင်း​လေးပါ   (ဘာသာပြန်သူကတော့ Nay_Yell_Ni ပါ)   File Size : (950 ...
7.0
IMDB: 7.0/10 16,675 votes
movie

All the Money in the World (2017)

2017
Blade Runner (1982) 8.2
Blade Runner (1982) 1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။ အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။ လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ သိပ်မကြာခင် ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2022လဲ ထွက်ရှိလာတော့မယ်ဆိုတာကိုအကြောင်းကြားရင်း ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ)   File Size : (900 MB) and (330 MB) Quality ...
8.2
IMDB: 8.2/10 518,000 votes
movie

Blade Runner (1982)

1982
Blu-Ray 720p
American Gangster(2007) 7.8
American Gangster(2007) IMDB...7.8 Rotten...87% American Gangster ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်ကိုထည့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန် နိုင်ငံရဲ့ ကာလကို အခြေတည်ရိုက်ထားတဲ့ ဒီဇာတ်ကားက သုံးနာရီနီးနီးလောက်ကြာမြင့်ပေမယ့် ဘယ်လိုမှငြီးငွေ့မသွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မင်းသားကြီး Denzel Washingtonရဲ့  အန္တိမ သရုပ်ဆောင်ချက်တွေသာ မပြောင်မြောက်ခဲ့ရင်ဒီဇာတ်ကားကြောင်းကို ပြန်တင်ပြစရာအကြောင်းမရှိပါဘူး။စုံထောက်တစ်ယောက်အဖြစ် မင်းသားကြီး Russell Croweကလည်း အကောင်းဆုံး တင်ဆက်သွားခဲ့ပေမယ့် Denzelနဲ့ယှဉ်လိုက်ရင်တော့ အနည်းငယ်မှေးမှိန်သွားရပါတယ်။ 1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါး ဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတယ်။ ဟားလမ်းဆိုတာကလည်း ဒုစရိုက်မှု တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။အဲဒီနေရာမှာ Frank Lucas(Denzel)ရဲ့ ဆရာက သြဇာအာဏာရှိပြီး အားလုံးရဲ့ လေးစားမှု ကို ခံရတဲ့သူတစ်ဦးပါ။သူက Frankကို တပည့်ရင်းတစ်ဦးအဖြစ်ထားရှိပြီး သူသေသွားရင် သူ့နေရာမှာ လျာထားဖို့ ရည်ရွယ်ထားသူပါ။Frank မှာ ရိုးသားခြင်း သစ္စာရှိခြင်း ကတိတည်ခြင်း ရဲရင့်ခြင်း ပါးနပ်ခြင်းစတဲ့ ယောက်ျားကောင်းတစ်ဦးမှာရှိထိုက်တဲ့အရည်အသွေးတွေအကုန်ရှိပါတယ်။အဲဒါကို ...
7.8
IMDB: 7.8/10 343,561 votes
movie

American Gangster(2007)

2007