Channel Myanmar

Rizal Mantovani

5 cm (2012) 7.2
5 cm (2012)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘဝမှာ လက်လျှော့အရှုံးပေးချင်တဲ့ အချိန်တွေကို ကြုံဖူးကြတယ်ဟုတ်။ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးတို့ရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးမှာ အသေအချာပါပဲ။ဇာတ်ကားနာမည်ကတော့ 5CM လို့ခေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သူငယ်ချင်း ၅ ယောက်ကခင်လာတာကြာပြီးတော့ အမြဲလိုလို အတူအချိန်ဖြုန်းဖြစ်ကြတယ်။အတူတူစားကြသောက်ကြ လည်ကြပတ်ကြနဲ့ပေါ့။ တစ်နေ့မှာတော့အဲဒီ ၅ ယောက်ထဲက ဂျန်တာ့ဆိုတဲ့တစ်ယောက်က သူတို့တွေcomfort zone က ရုန်းထွက်ဖို့လိုတယ်၊ နေ့တိုင်းတွေ့နေရင် ရိုးအီသွားမယ်၊ဒါကြောင့် သူတို့တွေ ခဏလောက် ခွဲနေရအောင်ဆိုပြီး အကြံပြုလာခဲ့တယ်။ကျန်တဲ့ ၄ ယောက်ကလည်း သူပြောတာကို ထောက်ခံကြပြီး ၃ လအဆက်အသွယ်မလုပ်ကြဖို့ သဘောတူလိုက်ကြတယ်။ ၃ လအတွင်းမှာကိုယ့်ဘဝကိုယ် တိုးတက်ပြောင်းလဲစေမယ့်အရာတွေကို လုပ်ကြတော့တာပေါ့။၃ လပြည့်လို့ ပြန်တွေ့ကြတဲ့အခါ သူတို့ ၅ ယောက်က ခရီးတစ်ခုထွက်ကြပါတယ်။ ဂျာဗားရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ မဟာမယ်ရူတောင်ကို တက်ကြတာပေါ့။ ဒီတောင်တက်ခရီးက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းပြီးတော့ သူငယ်ချင်း ...
movie

5 cm (2012)

Rasuk 2 (2020) 5.0
Rasuk 2 (2020) Rasuk 2 (2020) Rasuk 1 ကို ကြည့်ပြီးတဲ့သူတွေကတော့ Rasuk 2ကို ဘယ်လိုကားဖြစ်မလဲ သိချင်မိမှာပါပဲ.... ဒီကားက သရဲကားဆိုပေမယ့်.... ဒိန်းခနဲ ဝုန်းခနဲ ခြောက်နေတဲ့ကားမျိုးမဟုတ်ဘူး.. Rasukကြည့်ပြီးတဲ့သူတွေကတော့ သူငယ်ချင်းလေးယောက်ထဲက အင်ဂရစ်ကို သိမှာပေါ့.... အင်ဂရစ်နဲ့ ဒီကားက ဘာဆိုင်လဲ မေးရင် ဘာမှမဆိုင်ဘူး... ဆိုင်တာက သူ့ညီမနဲ့...... သူ့ညီမက အစ်ဇယ်ဘယ်လာ... နယ်နယ်ရရမဟုတ်ဘူး ဆေးရုံတစ်ခုမှာ အလုပ်သင်ဆင်းနေတဲ့ ဆရာဝန်လောင်းလေး.... သူတို့အလုပ်သင်တွေက အမြဲအလောင်းရင်ခွဲတာ ကြည့်ရတယ်... အစ်ဇယ်ဘယ်လာ... ဘယ်လာလို့လဲ ခေါ်တယ်...ဘယ်လ်လို့လဲ ခေါ်ကြတယ် သူက သာမန်လူမဟုတ်ဘူး...... ထူးခြားတယ်.. ပြောရရင် သရဲမြင်နိုင်တယ်... ဒါပေမယ့် သူက သူမြင်နေရတာတွေက တကယ်ရှိတယ်ဆိုတာ မယုံဘူး တစ်နေ့... အလောင်းတစ်လောင်းက သူ့ရှေ့မှာ အသက်ဝင်လာတယ်... သူကတော့ ထင်ယောင်ထင်မှားဖြစ်တယ်ထင်တာပေါ့ နောက်တစ်နေ့ သူ့ကို ခြောက်တယ် နောက်တစ်နေ့ သူ့ကို ဝင်ပူးတယ် ဒီလို.... သရဲက သူ့နောက်အမြဲလိုက်နေတယ် ဘာကြောင့်လိုက်နေတာလဲ...... အဲ့သရဲမနောက်ကွယ်မှာ ဘာရှိနေလဲ ပိတ်သွားပြီဖြစ်တဲ့အမှုတစ်ခု.. ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာနဲ့ အလောင်းတစ်လောင်း... သူဖော်ထုတ်နိုင်မလား.... အဲ့အလောင်းရဲ့ တရားခံကဘယ်သူလဲ.... ဘာကြောင့်လဲ ဘာကြောင့်လဲဆိုတဲ့ ...
movie

Rasuk 2 (2020)

2020
Bayi Gaib (2018) 5.8
Bayi Gaib (2018) ထိုင်း horror နဲ့မတူတဲ့ အင်ဒိုနီးရှား horror ရုပ်ရှင်တွေရဲ့ တစ်မူထူးခြားတဲ့ အရသာကိုမြည်းစမ်းကြည့်ဖို့ဒီဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဖာရာနဲ့ရာဖာတို့ဇနီးမောင်နှံဟာ အစစအရာရာပြည့်စုံပြီးပျော်ရွှင်ကြည်နူးရတဲ့အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်ဖာရာကလည်း ရုပ်ရည်ချောမောသလို ခေတ်ပညာတတ်အမျိုးသမီးတစ်ဦးရာဖာကလည်း အောင်မြင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုတည်ထောင်သူလုပ်ငန်းရှင်ပိုပြီးပျော်စရာကောင်းတာက ဖာရာမှာ ကိုယ်လေးလက်ဝန်ရှိလာတဲ့အခါမှာပေါ့သားဦးလေးကိုကိုယ်ဝန်လွယ်ထားချိန် အိမ်အသစ်ကြီးကိုပြောင်းရွေ့ခဲ့ကြပါတယ်အဲ့နောက်ပိုင်း ထူးဆန်းတာတွေဆက်တိုက်ကြုံလာရတဲ့အခါသူတို့နှစ်ယောက်ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုပေးကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 33min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC2.0 H.264 Translated by May Myat Thu Encoded by Thanhtike Zaw
movie

Bayi Gaib (2018)

Kuntilanak (2018) 6.2
Kuntilanak (2018) သရဲတစ္ဆေကားတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုနီးရှားသရဲကားလေးဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေရိုးစင်းပေမယ့် ထိတ်လန့်စရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားသရဲဖြစ်တဲ့ ကွန်တီလန်နက်ခ်ဆိုတဲ့သရဲဟာ ကလေးငယ်တွေကိုဦးတည်ဖမ်းယူတတ်တဲ့ သရဲမျိုးပါ။မြန်မာမှာဆိုရင် ညမှောင်တဲ့အချိန် တူတူပုန်းတိုင်းကစားရင် နတ်ဖွက်သလို အဲ့မှာလဲမိခင်မေတ္တာငတ်မွတ်နေတဲ့ကလေးတွေ၊ မိဘစကားနားမထောင်တဲ့ကလေးတွေကို သူနဲ့လိုက်မလားဆိုပြီးခေါ်ဆောင်ရင်း ဖမ်းခေါ်သွားတတ်တဲ့သရဲမျိုးလည်းဖြစ်ပါတယ်။ကြည့်ရတာစိတ်လှုပ်ရှားစရာကောင်းသလို ကလေးငယ်တွေနဲ့ဇာတ်အိမ်တည်ထားတဲ့အတွက် သရဲကားကြိုက်တဲ့သူတွေ အပန်းဖြေကြည့်နိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဖတ်ခနဲ ဖတ်ခနဲထွက်ထွက်ခြောက်တတ်ပြီး ညရိုက်ကွင်းတွေပိုများတဲ့အတွက် ဇာတ်ကားကြည့်ရင်း ညဖက်ခြောက်မယ့်အချိန်ဝင်လာမှာကိုတောင် လန့်နေရပါတယ်။အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ခံစားချင်တဲ့သူတွေကတော့ အင်ဒိုသရဲမနဲ့တွေ့လိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (850 MB) and (370 MB) Quality : NF WEB-DL 720p Running Time : 1h 45min Format : Mp4 Genre : Comedy , Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p NF WEB-DL DDP5.1 x264-Ao Translated by Thura Zarni ...
movie

Kuntilanak (2018)

2018