Channel Myanmar

Shinji Aramaki

Space Pirate Captain Harlock (2013) 6.4
Space Pirate Captain Harlock (2013) IMDb - 6.4/10Rotten Tomatoes - 54%MyAnimeList - 7.4/10ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လို့ချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။ ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။ ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကိုကြည့်ဖို့လိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလို့ပဲပြောပါရစေ။ ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလို့ရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကိုပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ဟိုရှေးရှေးတုန်းကလို့ပြောရမလားလာမယ့်အနာဂတ်မှာလို့ပြောရမလားအဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို့ လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လို့ရမယ့်‌နယ်မြေသစ်တွေကိုရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖို့သင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီပ‌ဲ ပြန်လာဖို့လုပ်ခဲ့ကြပါတယ်။ အဲ့လိုအလုအယက်ပြန်လာဖို့လုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲ့စည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်သွားအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။- အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ- ဗဟိုအစိုးရကိုဘာလို့ပုန်ကန်ဖို့လုပ်နေရတာလဲ- ဗဟိုအစိုးရမှာရော လျှို့ဝှက်ချက်တွေရှိနေလားဆိုတာကို ...
movie

Space Pirate Captain Harlock (2013)

2020
Starship Troopers: Traitor of Mars (2017) 5.5
Starship Troopers: Traitor of Mars (2017) ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ မားစ်ဂြိုလ်ပေါ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ပိုးကောင်တွေကို သုတ်သင်ဖို့စေလွှတ်ခြင်းခံရတဲ့ လက်နက်ကိရိယာတွေတပ်ဆင်ထားတဲ့ကင်းလှည့်တပ်စုတစ်စုအကြောင်းပါ... ထိုတပ်စုဟာ ပညာသင်ယူလေ့လာနေဆဲတပ်စုတစ်စုဖြစ်ပြီးတော့ တကယ်တမ်း အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ အတွေ့ကြုံများတဲ့ တပ်စုတစ်စုလို မားစ်ဂြိုလ်ပေါ်ကိုစေလွှတ်ခြင်းခံခဲ့ရပါတယ်... တိုက်ပွဲအတွေ့ကြုံမရှိတဲ့အပြင် တကယ်တမ်းပိုးကောင်တွေနဲ့ရင်ဆိုင်လာရတဲ့အခါ ထိုလူငယ်တပ်စုဟာအမှားမှားအယွင်းယွင်းတွေဖြစ်ကုန်ကြပါတယ်.... အားလုံးကလည်း မားစ်ဂြိုလ်ပေါ်မှာထိုတပ်စုကို သေဆုံးသွားကြပြီလို့လည်းယူဆကြပါတယ်.. ဒါကြောင့် အာကာသပိုင်ဗိုလ်ချုပ်ကနေ ထိုမားစ်ဂြိုလ်ကိုအပြီးတိုင်ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်.. လူငယ်တပ်စုဟာ မားစ်ဂြိုလ်ပေါ်ကနေများပြားလှတဲ့ ပိုးကောင်တွေကိုအချိန်မှီဖယ်ရှားပြီးတော့ သူတို့နေထိုင်ရာ ယာဉ်ဆီကို အမြန်ဆုံးပြန်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်.... Animation ကြိုက်သူများအတွက်ကတော့ ရုပ်ထွက်ပီပြင်တဲ့ Animation ကားဖြစ်တဲ့အပြင် ဇာတ်လမ်းသဘောအရပါ ကောင်းမွန်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်.....ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ မားစ်ဂြိုလ်ပေါ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ပိုးကောင်တွေကို သုတ်သင်ဖို့စေလွှတ်ခြင်းခံရတဲ့ လက်နက်ကိရိယာတွေတပ်ဆင်ထားတဲ့ကင်းလှည့်တပ်စုတစ်စုအကြောင်းပါ... ထိုတပ်စုဟာ ပညာသင်ယူလေ့လာနေဆဲတပ်စုတစ်စုဖြစ်ပြီးတော့ တကယ်တမ်း အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ အတွေ့ကြုံများတဲ့ တပ်စုတစ်စုလို မားစ်ဂြိုလ်ပေါ်ကိုစေလွှတ်ခြင်းခံခဲ့ရပါတယ်... တိုက်ပွဲအတွေ့ကြုံမရှိတဲ့အပြင် တကယ်တမ်းပိုးကောင်တွေနဲ့ရင်ဆိုင်လာရတဲ့အခါ ထိုလူငယ်တပ်စုဟာအမှားမှားအယွင်းယွင်းတွေဖြစ်ကုန်ကြပါတယ်.... အားလုံးကလည်း မားစ်ဂြိုလ်ပေါ်မှာထိုတပ်စုကို သေဆုံးသွားကြပြီလို့လည်းယူဆကြပါတယ်.. ဒါကြောင့် အာကာသပိုင်ဗိုလ်ချုပ်ကနေ ထိုမားစ်ဂြိုလ်ကိုအပြီးတိုင်ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်.. လူငယ်တပ်စုဟာ မားစ်ဂြိုလ်ပေါ်ကနေများပြားလှတဲ့ ပိုးကောင်တွေကိုအချိန်မှီဖယ်ရှားပြီးတော့ သူတို့နေထိုင်ရာ ယာဉ်ဆီကို အမြန်ဆုံးပြန်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်.... Animation ကြိုက်သူများအတွက်ကတော့ ရုပ်ထွက်ပီပြင်တဲ့ Animation ကားဖြစ်တဲ့အပြင် ဇာတ်လမ်းသဘောအရပါ ကောင်းမွန်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်.....Quality…..BluRay 1080p Duration…..01:40:00 Format…Mp4 File Size…(754 MB ) Translator…..Arrow Encoder…..Moe Myint Lwin
movie


2017