Channel Myanmar

Shubham Gupta

Photograph(2019) 6.8
Photograph(2019) Photograph(2019)IMDb....6.8ဒီကုလားကားဟာ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ကားတကားဖြစ်ပြီးတော့The Lunch box ရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Ritesh Batra ရို်က်ကူးထားတာပါရုပ်ရှင်ဟာ ဟင်ဒီကားတွေထုံးစံဖြစ်တဲ့ အကတွေ အဆိုတွေ မပါပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားတဲ့ old-school style drama flim အမျိုးအစားပါ ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်အကအဆိုတွေကို တွေ့ရမှာ မဟုတ်ပါဘူး...မွန်ဘိုင်းမြို့ ပင်လယ်ဆိ်ပ်ကမ်းအဝင် မြို့ဦးမုဒ်ဝမှာ ဓာတ်ပုံဆရာအဖြစ် အသက်မွေးတဲ့ ရာဖေး (Nawazuddin Siddiqui ) ရှိပါတယ် တနေ့မှာတော့ မယ်လိုနီ(Sanya Malhotra) ဆိုတဲ့အမျိုးသမီးလေးတယောက်ဟာ သူ့ဆီမှာ ဓာတ်ပုံရိုက်ပြီး ပုံထုတ်ပေးနေတုန်းမှာပဲ မယ်လိုနီ့အမေက လှမ်းခေါ်တော့ ကောင်မလေးဟာ သူ့အမေ့ဆီထွက်သွားမိပြီး ဓာတ်ပုံဖိုးရှင်းဖို့မေ့နေခဲ့တယ်ရာဖေးရဲ့ရွာမှာ ရာဖေးအဖွားကျန်နေခဲ့ပြီး အဲဒီအဖွားက သူ့မြေးကို မိန်းမယူဖို့ တဆူဆူတပူပူပေါ့ ဒါကြောင့် နားအေးပြီးရော အဖွားဆီကို သူကောင်မလေးတယောက် ရနေပြီဆိုတဲ့အကြောင်း စာရေးပြီးသူ့ဆီကျန်နေခဲ့တဲ့ မယ်လိုနီ့ဓာတ်ပုံကို ထည့်ပေးလိုက်ပါတော့တယ်....အလွယ်နည်းနဲ့ဖြေရှင်းလိုက်ပေမယ့် သူဟာ အဖွားကိုလျော့တွက်ခဲ့ပုံပါပဲ...အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဒီဇာတ်ကားဟာ ရုပ်ရှင်တကားကြည့်ရတာထက် စာအုပ်တအုပ်ဖတ်ရတာနဲ့ ပိုတူကောင်းတူနိုင်ပါတယ် ဇာတ်လမ်းနာမည်ဟာ photograph ဆိုတဲ့ ရိုရိုးရှင်းရှင်းနာမည်လေးအတိုင်းပဲ ဇာတ်လမ်းဟာလည်းရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ လူသဘာဝလေးတွေကို သေချာလေး set up လုပ် ...
movie

Photograph(2019)

2019