Channel Myanmar

Steve Lawson

The Fourth Musketeer (2022) 4.2
The Fourth Musketeer (2022) The Fourth Musketeer (2022) ======================တစ်ခုသောညမှာ ဘုရင့်စစ်သည်တော်ရူးရူးနေတဲ့ ကောင်လေး တစ်ယောက်ဟာ ဒါ့တညံလို့အမည်ရတဲ့ သူအလေးစားရဆုံး ဘုရင့်စစ်သည်တော်ရဲ့ အခန်းထဲကို ခိုးဝင်ပါသတဲ့။ အကြောင်း ကတော့ သူ့စိတ်ထဲမှာ ဒါ့တညံဟာ ကျောထောက်နောက်ခံအင် အားမရှိ၊ မျိုးရိုးမရှိဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ဘုရင့်စစ်သည်တော် ခေါင်းဆောင်နေရာထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ယုံကြည်ထား ပါတယ်။ ဒါကြောင့် ဖြတ်လမ်းအလွယ်နည်းနဲ့ စစ်သည်တော် ဖြစ်လာဖို့ရာ ဒါ့တညံကို တိုက်ရိုက်စိန်ခေါပြီး စစ်သည်တော် အဖွဲ့ထဲကို လေ့ကျင့်ရေးမဆင်းရဘဲ တန်းခန့်‌စေချင်လို့ပါ။ဖြစ်ချင်တော့ သူအခန်းထဲခိုးဝင်တဲ့အချိန်မှာ ဒါ့တညံဟာ ကိုယ် တွေ့မှတ်တမ်းရေးနေချိန်ဖြစ်ပြီး သူ့ကိုအားကျပြီး ဖြတ်လမ်း ကနေ စစ်သည်တော်ဖြစ်ချင်‌နေတဲ့ ကောင်လေးကိုတွေ့တော့ ဂုတ်ဆွဲထိုင်ခိုင်းပြီး သူ့ဇာတ်ကြောင်းကို ပြန်လှန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာသပေါ့လေ။ဒီလိုနဲ့ ဒါ့တညံရဲ့ စစ်သည်တော်ဖြစ်လာပုံကို နောက်ကြောင်း ပြန်ပါတယ်။ သူတို့နှစ်ယောက်စကားဝိုင်းလည်းပြီး ဒီဇာတ်ကား လည်းပြီး။ သူ့ဇာတ်ကြောင်းနားထောင်ရင်း ဒါ့တညံကို ဆဲချင် ဆူချင်စိတ်ပေါက်လိုက်၊ ချီးကျူးချင်စိတ်ပေါက်လိုက်၊ သင်ခန်း စာယူစရာလေးတွေ့လိုက်နဲ့ ဒီဇာတ်ကားလေးက ပြီးလို့ပြီးမှန်း မသိ ပြီးသွားမှာပါ။နာမည်ကိုရင်းနှီးသလိုလိုဖြစ်နေရင်တော့ ဟုတ်ပါတယ်...ဆရာ ကြီးပီမိုးနင်းဘာသာပြန်တဲ့ “သူရဲကောင်းသုံးယောက်”ထဲက ဒါ့တညံ(ဓားတညံ)ပါပဲ။ ဆရာကြီးရွှေဥဒေါင်းကလည်း ဘာသာ ပြန်ဖူးပါတယ်။ "The Count Of Monte Cristo"ကိုရေးတဲ့ ပြင် သစ်စာရေးဆရာအလက်ဇန်းဒါးဒူးမတ်ရဲ့လက်ရာ"The Three Musketeers"ကိုမှီငြမ်းထားတာပါ။ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

The Fourth Musketeer (2022)

2022
Ripper Untold (2021) 4.4
Ripper Untold (2021) Ripper Untold (2021) ================ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်....သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr ...
movie

Ripper Untold (2021)

2021