Channel Myanmar

Tarsem Singh

Self/less(2015) 6.5
Self/less(2015) Self/less (2015)=============IMDb - 6.5CM ဖန်တွေအတွက် Deadpool မင်းသား Ryan Reynolds ရဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားကောင်းတစ်ကား‌ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ‌ နောက်ဆုံးအဆင့်‌ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကိုတခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ဆိုတဲ့ "အရေခွံလဲခြင်း" ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ်ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီးသူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲလူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာနောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်းအကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်း‌ကောင်းလေးတစ်ပုဒ်ပါပဲဗျ။ File size…1.15GB / 491MB Quality…Blu-Ray 1080p  5.1CH/ 720p Format…mp4 Duration….1h 57m Genre ..... Action , Mystery , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie

Self/less(2015)

2015
Immortals (2011) 6.0
Immortals (2011) Immortals (2011)=============IMDb Rating - 6.0/10#Unicodeဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းကအစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင်ကလည်း ဝင်ကူညီရခက်နေကြပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟစ်ပီးရီးယန်းကို တားဆီးနိုင်ဖို့အတွက်သီးစီးယက်စ်ရဲ့ အကူအညီကို ရယူရပါတော့တယ်...။  ဒီကားရဲ့ တင်ဆက်ပုံဟာ 300 Spartans ကားနဲ့အတော်လေးတူညီနေတာကို သတိထားမိတယ်။ နောက်ခံတွေ တိုက်ပွဲတွေဟာ 300 ကားကိုပြန်ကြည့်နေရသလိုပါပဲ။ Fan တွေကတော့ ဂရိဒဏ္ဍာရီတွေနဲ့ အတော်လေးကွဲထွက်နေတာကို သိပ်သဘောမကျကြပုံပါပဲ။  ဒါပေမယ့် ကျွန်တော်တို့ရဲ့ စူပါမင်း(Man of ...
movie

Immortals (2011)

2011