Channel Myanmar

Tony Giglio

Doom: Annihilation (2019) N/A
Doom: Annihilation (2019) ဒီကားလေးကတော့ Horror နဲ့ Sci-fi ပေါင်းစပ်ထားတဲ့ကားလေးပါကက်ပတိန်ဆာဗေ့နဲ့သူ့အဖွဲ့ဟာ အဖွဲ့သားတစ်ဦးဖြစ်သူဗိုလ်ကြီးဂျိုအန်ရဲ့ အပြစ်တစ်ခုကြောင့် ဖိုးဘာ့စ်လို့ခေါ်တဲ့သုတေသနစခန်းတစ်ခုဆီကို အပြစ်ဒဏ်တစ်ခုအနေနဲ့သွားရောက် လုံခြုံရေးယူပေးဖို့ ဖြစ်လာပါတယ်သူတို့ ဖိုးဘာ့စ်ဆီလာနေတဲ့အချိန်မှာ ဖိုးဘာ့စ်မှာ လူသားသမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးလို့ ဆိုရမယ့်သုတေသနစမ်းသပ်ချက်ကြီးတစ်ခုကို လုပ်နေလျက်သားရှိပါတယ်..ကမ္ဘာမှာဝင်ပေါက်တစ်ခု လပေါ်မှာဝင်ပေါက်တစ်ခုထားပြီးစက္ကန့်ပိုင်းအတွင်း လနဲ့ ကမ္ဘာကြားကူးနိုင်ဖို့ စမ်းသပ် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါပေမယ့်စမ်းသပ်နေစဉ်အတွင်းမှာ မထင်မှတ်ထားတာတွေဖြစ်လာပြီးဖိုးဘာ့စ်စခန်းတစ်ခုလုံး အဆက်အသွယ် ပြတ်တောက်သွားပါတော့တယ်သူတို့ရောက်ရှိချိန်မှာတော့ စခန်းတစ်ခုလုံး အမှောင်ကျနေပြီးဝင်မရတဲ့အနေအထားဖြစ်နေပါတော့တယ်ဘာဖြစ်နေမှန်းလည်း သူတို့ကိုယ်တိုင်မသိရှိပေမယ့်..ဓာတ်ပေါင်းဖိုပျော်ကျမှာ စိုးရိမ်တာအတွက်ဒီစခန်းကို ဓာတ်အားပြန်ရဖို့ မဖြစ်မနေ ပြန်ကြိုးစားရမယ့်အနေအထားကြုံလာရတဲ့အခါမှာတော့..သူတို့စခန်းထဲဝင်နိုင်ပါ့မလား စခန်းထဲမှာ ဘာအမှားအယွင်းတွေဖြစ်ခဲ့ပြီးဘာကောင်တွေရှိနေမှာလဲ ကမ္ဘာ့အပြင်ဘက်ရောက်နေပြီးပြေးစရာမြေမရှိတဲ့သူတို့တွေ စခန်းကနေ အသက်ရှင်လျက်ပြန်ထွက်နိုင်ပါ့မလား ဆိုတာကို ထိတ်လန့်သည်းဖိုဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File Size ...
movie

Doom: Annihilation (2019)

2019
S.W.A.T. Under Siege (2017) 6.6
S.W.A.T. Under Siege (2017) SWAT ဆိုတဲ့အမေရိကန်နိုင်ငံရဲ့ အထူးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လိုအပ်တဲ့အရေးပေါ်စစ်ဆင်ရေးတွေ ကယ်ဆယ်ရေးတွေကို လုပ်ကိုင်ပေးနေရတဲ့ အထူးတပ်ဖွဲ့ပါ။   အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက်ခံစားနေတုန်း တပ်ဖွဲ့ဝင်တွေကို ပြန်လာဖို့လှမ်းခေါ်ခံရပါတယ်။ သူတို့လုပ်ရမယ့် စစ်ဆင်ရေးကတော့ DEA မူးယစ်နှိပ်နှင်းရေးအဖွဲ့က ကုန်တင်ကုန်ချ ဆိပ်ကမ်းဆိပ်အဟောင်းတစ်ခုမှာ မူးယစ်ဆေးဝါးတွေအများဆုံးပါတဲ့ ကွန်တင်နာတစ်ခုရောက်လာတယ်လို့ သံသယဖြစ်လို့ သွားစစ်ဆေးမယ့်နေရာကို လုံခြုံရေးလိုက်ပါထိန်းသိမ်းပေးရင်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများစုက သာမန်စစ်ဆင်ရေး ပေါ့ပေါ့ပါးပါးပြီးသွားမယ်ထင်ခဲ့ပေမယ့် တကယ်တမ်း တိုက်ပွဲကပြင်းထန်ခဲ့တယ်။ သူတို့ မူးယစ်ဆေးလို့ ထင်ခဲ့တဲ့ကွန်တင်နာထဲမှာ ပါလာတာကတော့ ကင်းမြီးကောက်ပုံတက်တူးကြီးနဲ့ ဗလတောင့်တောင့် လူမဲတစ်ဦးပဲ ပါလာပါတယ်။ သူတို့နဲ့ ပူးပေါင်းစစ်ဆင်ရေးလုပ်ခဲ့တဲ့ DEA ကလူတွေလည်း တိုက်ပွဲကျသွားလို့ သူတို့ပဲ ဒီမဟေဠိဆန်တဲ့လူကို ခေတ္တထိန်းသိမ်းထားရဖို့ ဖြစ်လာပါတယ်။ ဒီလူကို စစ်မေးရင်းနဲ့ သူ့ခေါင်းထဲမှာ ကမ္ဘာကိုမီးဟုန်းဟုန်းတောက်အောင်လုပ်နိုင်တယ်လို့ သိလာရပြီး သူ့ကိုလိုချင်နေတဲ့လူတွေကလည်း များလှပါတယ်။ သူတို့ တပ်ဖွဲ့ထဲမှာလည်း အပြင်ကို သတင်းပေးတဲ့သစ္စာဖောက်တစ်ယောက်လည်း ရှိနေတယ်လို့ သိလိုက်ရတယ်။ -ဒီလူ့ဆီမှာပါတဲ့ ကမ္ဘာကိုမီးဟုန်းဟုန်းတောက်အောင်လုပ်နိုင်မယ့်အချက်ဆိုတာ ဘာများလဲ - ...
movie

S.W.A.T. Under Siege (2017)

2017