Channel Myanmar

Wes Craven

The People Under the Stairs (1991) 6.4
The People Under the Stairs (1991) The People Under The Stairs (1991)~ IMDb - 6.4/10, Rotten Tomatoes - 70% ~ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​​တော့ 1991 မှာ ထွက်ရှိထားတဲ့ ​ကြောက်လည်း​ကြောက်ရ ရယ်လည်းရယ်ရမယ့် သည်းထိတ်ရင်ဖို ဟာသကား​လေး The People Under the Stairs ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~တား​​ရော့ရူး အမတစ်​ယောက်​ကြောင့် နာမည်ရင်းထက် နာမည်​ပြောင်သာလူသိများကြတဲ့ ဖူး(Fool)တစ်​ယောက် မ​တော်​လောဘမက်တဲ့ ​မြေပိုင်ရှင် ​လင်မယား နှစ်​ယောက်​ကြောင့် အိမ်​ပေါ်ကဆင်းရဖို့ အ​ကြောင်းဖန်လာတဲ့အခါ...အ​မေဖြစ်သူကလည်း ကင်ဆာ​ရောဂါ ခံစား​နေရပြီး ခွဲစိတ်ဖို့ ပိုက်ဆံမတတ်နိုင်​သေးတဲ့အချိန် ​မြေပိုင်ရှင်​လင်မယားအိမ်မှာ ​ရွှေပြားသွားခိုးဖို့ ထွက်လာတဲ့အခါ...အိမ်ကြီးရဲ့​နောက်ကွယ်က ဖြစ်ရပ်မှန်​တွေ အိမ်ကြီးထဲမှာ ဘာ​တွေ လျှို့ဝှက်ထားတာ​တွေရှိလဲ... အိမ်ကြီးထဲဝင်​ဖောက်မိတဲ့အခါ ဘာ​တွေ​တွေ့ကြုံရမလဲ... ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်အပြင် အလွဲ​လေး​တွေလည်းပါတာမို့ ရယ်လည်းရယ်ရမယ့် ကား​ကောင်း​လေးတစ်ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

The People Under the Stairs (1991)

1991
New Nightmare (1994) 6.5
New Nightmare (1994) Wes Craven's The New Nightmare (1994) IMdb - 6.5/10, Rotten Tomatoes - 80%လောကကြီးထဲမှာ ဟိုးရှေးခေတ်ကတည်းကစပြီး ဘုရားသခင်ရဲ့ဖန်ဆင်းမှုတွေထဲမှာ ရောပြီးပါဝင်လာတဲ့ မကောင်းဆိုးဝါးဆိုတာ ရှိပါတယ်တဲ့။ သူက ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်လာခဲ့ပါသတဲ့။လူတွေက စိတ်ကူးစိတ်သန်းတွေထုတ်ပြီး ဇာတ်လမ်းတွေ ပုံပြင်တွေ ရေးဖြစ်တဲ့အချိန်မှာတော့ စာရေးဆရာတွေရဲ့ စိတ်ကူးဉာဏ်က မကောင်းဆိုးဝါးကို ဖမ်းယူပြီး ဇာတ်လမ်းထဲမှာ ထည့်ပိတ်လိုက်မိတယ်ဆိုပဲ။ ဇာတ်လမ်းမပြီးသေးသရွေ့တော့ မကောင်းဆိုးဝါးဟာ ဇာတ်လမ်းထဲမှာပဲ ပိတ်မိနေတာပေါ့။ ဇာတ်လမ်းပြီးသွားတဲ့အခါမှာတော့ မကောင်းဆိုဝါးက ပုံစံအသစ်နဲ့ပဲဖြစ်ဖြစ် ပုံစံအဟောင်းနဲ့ပဲဖြစ်ဖြစ် လောကကမ္ဘာအစစ်ထဲကို လွတ်မြောက်လာပါရောတဲ့။အခု Elm လမ်းပေါ်က အိပ်မက်ဆိုးဇာတ်ကားတွေထဲမှာ Freddy အဖြစ် ပိတ်မိနေတဲ့ မကောင်းဆိုးဝါးကြီးက Part 6 The Final Nightmare အပြီး ဇာတ်လမ်းအပြီးသတ်သွားတာကြောင့် လူ့လောကကို ထိုးဖောက်ဝင်လာဖို့ ကြိုးစားတဲ့အချိန်ပေါ့။ Freddy ...
movie

New Nightmare (1994)

1994
Scream 4 (2011) 6.1
Scream 4 (2011) Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie

Scream 4 (2011)

2011
Scream 3 (2000) 5.6
Scream 3 (2000) Scream 3 2000 ===========ဒါကတော့ တတိယမြောက်ကား ဖြစ်ပြီးတော့ အမှန်အတိုင်းပြောရရင် Scream franchise ထဲမှာ rating အနည်းဆုံးကား ဖြစ်ပါတယ်။ ဒါပေမယ့် scream ရဲ့ အရသာကိုတော့ မ‌ပျောက်အောင် ထိန်းထားနိုင်တာကြောင့် horror, mystery ဖန်တွေအတွက်တော့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ကားတစ်ကားဖြစ်နေတုန်းပါပဲ။ ဒီကားကတော့ scream 2 အပြီး ၂ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားမှာတော့ ဆစ်ဒနေဟာ လူသူကင်းဝေးရာနေရာမှာ ခြေရာဖျောက်ပြီး သွားနေနေပါတယ်။ အဲဒီအချိန် hollywood မှာလည်း သရဲမျက်နှာလူသတ်မှုတွေကို အခြေခံထားတဲ့ stab 3 ရှပ်ရှင်ကားကို ရိုက်ကူးရေးစနေပါပြီ။ အဲဒီအချိန်မှာ နောက်ထပ် သရဲမျက်နှာလူသတ်သမားပေါ်လာပြီး လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ သရဲမျက်နှာလူသတ်သမားက stab 3 ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အရင်လူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့သူတွေကိုပါ ပစ်မှတ်ထားနေပါတယ်။ IMDB 5.6 ရထားပြီး tomatometer 40% ရထားပါတယ်။ ဒီကားဟာ scream trilogy ရဲ့ နောက်ဆုံးကားဖြစ်ပြီး အတိတ်ကကြောင်းတွေကို ဖြေရှင်းထားလို့ scream ဖန်တွေကတော့ ကြည့်သင့်တယ်လို့ ပြောပါစေ။ Scream 6 ...
movie

Scream 3 (2000)

2000
Scream 2 (1997) 6.2
Scream 2 (1997) Scream 2 (1997) ================== Scream 2 ဟာ scream ထွက်ပြီး ၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။ ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့် Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင် တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။ Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့ ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။ သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။ အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။ ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ? IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့ မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်  Quality__Bluray 1080pIMDb Rating__6.2/10 Format__mp4 Duration__1h Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Scream 2 (1997)

1997
Scream (1996) 7.3
Scream (1996) Scream 1996 အညွှန်း ================ Horror, Mystery ပရိတ်သတ်တွေအတွက် 90s ခေတ်က rating လည်းကောင်းကောင်းရထားတဲ့ ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်။ Horror အမာခံပရိတ်သတ်တွေ ဆိုရင်တော့ Scream 1996 က အထူးညွှန်းနေစရာ မလိုပါဘူး။ အခုနောက်ပိုင်းထွက်တဲ့ horror ကားတွေနဲ့ ဒီကားနဲ့ ကွာခြားချက်ကို ပြောပါဆိုရင် သူက supernatural ဆန်ဆန် သရဲတွေ နာနာဘဝတွေမပါဘဲ mystery အသားပေးထားပြီး လူသတ်သမားက ဘယ်သူများဖြစ်မလဲဆိုပြီး ရင်တထိတ်ထိတ်ကြည့်ရတဲ့ဖီလင်ကိုပေးတဲ့ ကားမျိုးပါ။ ဒီကားက ထွက်ပြီးပြီးချင်းပဲ horror ရုပ်ရှင်တွေကြားထဲမှာ ဇာတ်လမ်းတည်ဆောက်ပုံရော ဇာတ်ရှိန်ထိန်းသွားတာရောကောင်းလွန်းလို့ နာမည်အရမ်းကြီးခဲ့တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင်တော့ ဆစ်ဒနေဆိုတဲ့ ကောင်မလေးဟာ သူမရဲ့အမေကို မုဒိန်းကျင့်ပြီးလူသတ်မှုတစ်ခုမှာ တစ်ခုမှာ ဆုံးရှုံးခဲ့ရတာပါ။ အဲလိုနဲ့ စိတ်ဒဏ်ရာရနေတဲ့ ဆစ်ဒနေဟာ ဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတုန်း ၁ နှစ်ပြည့်သွားတဲ့အချိန်မှာပဲ သူ့အမေတုန်းကလို လူသတ်မှုတွေ ဖြစ်လာပါတော့တယ်။ ထူးဆန်းတာက သူ့အမေကိုသတ်ခဲ့တယ်လို့ သံသယရှိသူကို ထောင်ထဲထည့်ပြီးသွားပြီ ဖြစ်နေလို့ပါ။ ဒီတော့ အခုဖြစ်လာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်က တရားခံကဘယ်သူတွေလဲ? သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ? အရင်လူသတ်မှုနဲ့ ...
movie

Scream (1996)

1996
A Nightmare on Elm Street (1984) 7.5
A Nightmare on Elm Street (1984) A Nightmare on Elm Street (1984) =========================Rotten Tomatoes… 94%IMDb… 7.5ကျွန်တော်တို့ငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။မူမမှန်​ဖြစ်​လာမယ်​။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?ဇာတ်လမ်းအကျဉ်း =============Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တို့သူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမို့သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။)  File size…(1.6 GB) and (970 MB) Quality…BluRay 1080p and 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Chan Myae Kyaw 
movie

A Nightmare on Elm Street (1984)