Channel Myanmar

Yarrow Cheney

The Secret Life of Pets (2016) 6.8
The Secret Life of Pets (2016)     ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့The Secret Life Of Pets ကာတွန်းကားလေးကိုပိုမိုကောင်းမွန်တဲ့ Quality နဲ့ ထပ်မံ တင်ဆက်ပေးချင်ပါတယ်။ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို့ တွေးကြည့်ဖူးလားဗျ။ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီးအိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။ ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်းအပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှို့ဝှက်ဘဝကိုဟာသနှော တင်ဆက်သွားတာပါ။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိအောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့.....အဓိကဇာတ်လိုက်ကတော့ Max ဆိုတဲ့ တယ်ရီယာခွေးပုလေးပေါ့ဗျာ။ သခင်ဖြစ်သူ Katie နဲ့ နယူးယောက်မြို့တော်ကြီးမှာ အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေတဲ့ကောင်လေးပေါ့။သူ ကြုံရတဲ့ အခက်အခဲဆိုလို့ Katie မနက် ရုံးသွားတိုင်းအတင်းလိုက်ဆွဲရတဲ့ ဒုက္ခပဲရှိပါတယ်။ ဒါပေမဲ့လည်း Katie ပြန်ရောက်တဲ့အထိတစ်နေကုန် တံခါးရှေ့ထိုင်စောင့်တာပါပဲ။ဘာပဲပြောပြော ချစ်ရတဲ့သခင်နဲ့ နှစ်ကိုယ်တည်း အေးချမ်းနေတဲ့သူ့ဘဝလေးဟာ တစ်နေ့မှာတော့ Katie အသစ်မွေးစားလာတဲ့Duke ဆိုတဲ့ တခြားခွေးတစ်ကောင်ကြောင့် ဗြောင်းဆန်ကုန်ပါတယ်။နဂိုရရှိထားတဲ့ အခွင့်အရေးတွေကိုပါ လက်လွှတ်ဆုံးရှုံးလာရတာမို့Duke ကို အိမ်ပေါ်က ...
movie

The Secret Life of Pets (2016)

2016
4K HEVCHDR
The Grinch (2018) 6.4
The Grinch (2018) ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ Animation ဇာတ်ကားကောင်းလေးတစ်ကားကိုထွက်ထွက်ချင်း ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။အဲဒီဇာတ်ကားကတော့ ဒီဇင်ဘာလအစပိုင်းလေးကမှ ရုံတင်သွားတဲ့ The Grinch ပဲဖြစ်ပါတယ်။အားလုံးလည်း သိပြီးနေလောက်ပြီ ဖြစ်တဲ့အတွက် အများကြီးမိတ်ဆက်ပေးနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ဒီ The Grinch ဟာ စာရေးဆရာ Theodor Seuss Geisel ရဲ့ How The Grinch Stole The Christmas ဆိုတဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အနောက်နိုင်ငံမှာတော့ အထူးတလည်မိတ်ဆက်နေစရာမလိုအောင် ခရစ္စမက်နဲ့အတူတွဲမြင်ကြတဲ့ အစိမ်းရောင်အကောင်ကြီးပေါ့ဗျာ။ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။Grinch ကြီးက ခရစ္စမက်စ်ပွဲကိုမုန်းတီးတဲ့သူတစ်ယောက်။Who-ville ကလူတွေ ခရစ္စမက်စ်ပွဲအတွက်ပြင်ဆင်နေကြတာကို ကြည့်မရတဲ့အတွက် နောက်တစ်ခါထပ်ပြီး ပွဲကျင်းပလို့မရအောင် ခရစ္စမက်စ်ပျောက်ဆုံးသွားအောင်ကြံတာလေးကို 3D animation ရုပ်ရှင်အဖြစ်ပြန်လည်ပြီးသရုပ်ဖော်ထားပါတယ်။နာမည်ကျော် Animation Studio ဖြစ်တဲ့ Illumination ကထုတ်လုပ်ဖြန့်ချိထားတဲ့ ဒီ The Grinch မှာ အဓိကဇာတ်ဆောင် Grinch အဖြစ် ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး Benedict Cumberbatch ...
movie

The Grinch (2018)

2018