Exit print mode Print Data A+ A- Undo all

District 13 (2004) District B13/Banlieue 13

Welcome to District B13. Welcome to the future
District 13 (2004) District B13/Banlieue 13District 13 (2004) District B13/Banlieue 13

Synopsis:

IMDb Rating(7.1)/Rotten Tomatoes (70%)

ပြင်သစ်ကားကောင်းလေးတွေရဲ့ နိုင်ငံတကာကိုထိုးဖောက်မှုတွေဟာ
၂၁ ရာစုအစဦးပိုင်းနှစ်တွေတည်းက စလာခဲ့တယ်ဆိုတာအကုန်လုံးလည်းသိကြမယ်ထင်တယ်…
အခုနောက်ဆုံးထွက်ထားတဲ့ Asphalt Racing လိုကားကောင်း‌လေးတွေထိထွက်နိုင်နေပြီဆိုရင်လည်းမမှားပါဘူး
ဒီလိုကားကောင်းတွေထဲမှာ ၂၀၀၄ ကထွက်ခဲ့တဲ့ District B13 ဆိုတဲ့ ဒီဇာတ်ကားကလဲ ရှေ့ဆုံးကပါပါတယ်..
ဟောလိဝုဒ်ရဲ့ ကောင်းပါတယ်ဆိုတဲ့အက်ရှင်ကားကောင်းတွေနဲ့တန်းတူထားထားကြတဲ့ အက်ရှင်ကားဖြစ်ပြီး
IMDb rating 7.1 ရရှိထားတဲ့ထိ အောင်မြင်ကျော်ကြားခဲ့ပါတယ်။

ဇာတ်လမ်းကတော့….
လီတိုဟာ ဥပဒေမရှိ ရဲစခန်းမရှိ ကျောင်းတွေမရှိတဲ့ လူဆိုးနယ်မြေလို့သတ်မှတ်ထားတဲ့ နယ်မြေ ၁၃ မှာမွေးလာတဲ့
တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောင်လေးတစ်ယောက်ပါ…ဇကလဲမသေးသလို လက်ဇောင်းလဲထက်ပါတယ်။
အဲဒီဒေသရဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တာတောင် ရဲကပြန်လွှတ်ပေးတဲ့အပြင်
သူ့ညီမပါထိုးကျွေးခံခဲ့ရတာမို့ ရဲရောလူဆိုးတွေကိုပါ အမှုန့်ချေချင်နေတဲ့ကောင်လေးတစ်ယောက်ပါ။

သူတို့နယ်မြေ ၁၃ မှာ လူဆိုးတွေရော ရဲတွေရော ခြေရှုပ်ပြီး အမှုကပတ်ပွေနေကြတာပါ..
ဒီထဲမှာ ဒေမီယံဆိုတဲ့ ဖိုက်တာရဲတစ်ယောက်ကတော့ မတူပါဘူး..သူက တရားဓမ္မဖက်ကနေတဲ့ ဖိုက်တာရဲပါ…
လူ ၂ သန်း‌လောက်ကို မျက်စိတစ်မှိတ်အတွင်း သေသွားနိုင်တဲ့ လူဆိုးဂိုဏ်းလက်ထဲရောက်နေတဲ့နျုဗုံးတစ်လုံးကို
နယ်မြေ ၁၃ ထဲမှာ ဒေမီယံကို သွားဖြုတ်ဖို့ တာဝန်စေခိုင်းခံရတဲ့အခါ…
ဖိုက်တာရဲနဲ့ လီတိုလို ဇရှိတဲ့ကောင်လေးတို့ ဖိုက်တာနယ်မြေ ဖိုက်တာလူဆိုးတွေကြား နျူဗုံးကို ဘယ်လိုသွားဖြုတ်မလဲဆိုတာရယ်..
ဒီနျူဗုံးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကရော ဘာတွေလဲဆိုတာရယ်…ဆက်လက်ကြည့်ရှုရမှာပါ။

လုံးဝကြမ်းတဲ့ အမှန်အကန်ဖိုက်တာကားမို့ ကြည့်ဖူးရင်တော့ တစ်ဖန်ပြန်ကြည့်လို့ မပျင်းစေရဘူး ညွှန်းဆိုလိုပါတယ်။

 

File size…(1.5 GB) / (800 MB)
Quality…BluRay 1080p /720p
Format…mp4
Duration….01:25:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by San Thu Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $12 000 000,00
Revenue
USD $9 584 131,00
Popularity
15.772
Status
Released
ID IMDb.com
tt0414852
IMDB Rating
7.1
ID Themoviedb.org
10045
TMDb Rating
6.7
TMDb votes
1348