Exit print mode Print Data A+ A- Undo all

Django Unchained ( 2012 )

the d is silent. Payback won't be.
Django Unchained ( 2012 )Django Unchained ( 2012 )

Synopsis:

Unicode

*******

2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲ

လူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။

လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။

သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။

အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။

တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်း

တစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။

အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကို

အဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။

အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။

လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီး

သေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ဝရမ်းပြေးတွေကို လိုက်ဖမ်းတော့တယ်။

ရောက်လေရာမှာ Django ကို အားလုံးက သောက်မြင်ကတ်ကြတယ်။

ကြည့်မရကြဘူး။ ဒီ လူမည်းကောင်က ဘာလဲပေါ့။ မတန်မရာ ပေါ့။

သူ့ဆရာ လူဖြူကြီးကိုလည်း နားမလည်နိုင်ကြဘူး။

ကျွန်ကောင်တွေကို နေရာပေးရကောင်းလားဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ကြတယ်။

ဒီကားထွက်လာချိန်မှာ ဒါရိုက်တာကြီး Spike Lee တို့ကအစ သမိုင်းကို

ပေါက်ကရ လုပ်လို့ဆိုပြီး Tarantino ကို ဝေဖန်တယ်။

ဒါပေမယ့် Tarantino ဆိုတာ ဒါပဲလေ။ ထူးဆန်းတဲ့ ဇာတ်လမ်းတွေ ဖန်တီးနေတဲ့ ဘဲကြီးပဲ။

သူသာ မြန်မာလူမျိုးတစ်ယောက်ရင် ဘုရားပေါ်မှာ ယောကျာ်းမတက်ရ

ဆိုင်းဘုတ်ထောင်တဲ့ မိန်းမတွေအကြောင်း ဇာတ်လမ်းဆင် ရိုက်မလားမသိ။

အမေရိက ကျွန်စနစ် ကြီးကို Tarantino မျက်လုံးကနေ

တစ်ဆင့် ကြည့်ကြည့်ချင်တယ်ဆိုရင်တော့ Django Unchained ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။

 

Translated By Kiwi

Review Credit To DatShin Entertainment

Encoded By LK

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Django Unchained
Director
Martin Kitrosser, Quentin Tarantino, William Paul Clark
Stars
Christoph Waltz, Dana Gourrier, David Steen, Dennis Christopher, James Remar, Jamie Foxx, Kerry Washington, Leonardo DiCaprio, Samuel L. Jackson, Walton Goggins
Release Date
25 Dec 2012
Rated
R
Runtime
165 min
Awards
Won 2 Oscars. Another 56 wins & 151 nominations.
Country
USA
Budget
USD $100 000 000,00
Revenue
USD $425 368 238,00
Popularity
20.963
Status
Released
ID IMDb.com
tt1853728
IMDB Rating
8.4
IMDB votes
1,229,099
ID Themoviedb.org
68718
TMDb Rating
8
TMDb votes
16256