Exit print mode Print Data A+ A- Undo all

Dorian Gray (2009)

Forever Young. Forever Cursed.
Dorian Gray (2009)Dorian Gray (2009)

Synopsis:

ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကို

လိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင်

ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကို

နက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။

စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇ

ာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာက

ဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။

ဇာတ်လမ်းသဘောကတော့

သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲ

အပေးအယူလုပ်မိသွားတဲ့

ကောင်ချောလေးတစ်ယောက်အကြောင်းပါ။

ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာ

အဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေ

လန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။

မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာ

ကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။

ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာ

သူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာ

မအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီး

မြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ….

သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက်

သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာ

ဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး….

Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကို

အပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့

စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့

လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။

Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီး

တကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်

ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့…

( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်

ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။)

 

 

File size…  1.74 GB /  800 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 52m
Genre …..  Drama, Fantasy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Aung Wai Wai Thin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Revenue
USD $4 706 919,00
Popularity
15.333
Status
Released
ID IMDb.com
tt1235124
IMDB Rating
6.2
ID Themoviedb.org
23488
TMDb Rating
5.978
TMDb votes
1971