Channel Myanmar

Down a Dark Hall (2018)

Down a Dark Hall    

PG-13 1h 36min DramaFantasyHorror

5.1
IMDB: 5.1/10 10,792 votes

, , , , , , , , ,

1 nomination.

Spain | USA

642675

Report error

Down a Dark Hall (2018)
IMDb – 5.1/10_____Rotten – 50%

 

 

Kit Gordy ဟာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသူလေးတစ်ယောက်။

ကိုးနှစ်သမီးကတည်းက အရမ်းချစ်ရတဲ့အဖေဆုံးပါးသွားခဲ့ပြီးတော့ ဖတဆိုးလေးဖြစ်ခဲ့တာကြောင့် ကြီးလာတဲ့အခါမှာ ခပ်ဆိုးဆိုးခပ်ပေပေမိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အမေဖြစ်သူဟာ David ဆိုတဲ့လူနဲ့နောက်အိမ်ထောင်ပြုလိုက်တာကြောင့် Kit တစ်ယောက် ပထွေးနဲ့အတူနေဖို့အကြောင်းဖန်လာပါတော့တယ်။

David ဟာလူကောင်းတစ်ယောက်ဖြစ်ပြီးတော့ Kit ကို ကိုယ့်သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့ပေမယ့် Kit ရင်ထဲကကွက်လပ်ကြီးကိုတော့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း Kit ဟာဆိုးသွမ်းပျက်စီးနေတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။

ဘယ်လောက်ဆိုးလိုက်သလဲဆိုရင် မီးရှို့မှုအပါအဝင်နဲ့တခြားအမှုတွေနဲ့ စွဲချက်တင်ခံရတဲ့အထိပါပဲ။

Kit ကတော့ သူလုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့်လည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိခဲ့တာကြောင့် လက်ရှိတက်ရောက်နေတဲ့ကျောင်းကနေနားပြီး လူငယ်သင်တန်းကျောင်းဆန်ဆန် ကျောင်းတစ်ခုဖြစ်တဲ့ Blackwood အကယ်ဒမီကျောင်းကို ကျောင်းအိပ်ကျောင်းစားအဖြစ်နဲ့ အချိန်တစ်ခုထိ ပြောင်းရွှေ့တက်ရောက်ဖို့အတွက် သဘောတူလိုက်ရပါတော့တယ်။

တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲ။

Blackwood လို့ခေါ်တဲ့ကျောင်းဟာ ကျောင်းလို့သာခေါ်တွင်ပေမယ့် အဆောက်အဦးက ရှေးဟောင်းအဆောက်အဦးတစ်ခုပဲ ဖြစ်ပါတယ်။

အဆောက်အဦးအတွင်းက ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေကလည်း အတော်ကိုရှေးကျပြီး အဆောက်အဦးတစ်ခုလုံးကိုထိန်လင်းနေအောင် ထွန်းပေးနိုင်မယ့် လျှပ်စစ်မီးသီးအလုံအလောက်မရှိတာကြောင့် အနည်းငယ်မှောင်မိုက်နေပြီး ရုတ်တရက်ကြည့်လိုက်ရင် အလွန်ခြောက်ခြားစရာကောင်းလှပါတယ်။

ကျောင်းအုပ်ဆရာမကြီးဖြစ်သူဟာ Madam Duret ဆိုတဲ့ပြင်သစ်မကြီးဖြစ်ပြီးတော့ သူ့လက်အောက်မှာလည်း စာသင်ပြတဲ့ဆရာ၊ဆရာမ သုံးဦးနဲ့ Mrs.Orlonsky လို့ခေါ်တဲ့ အထွေထွေအလုပ်သမ တစ်ဦးပဲရှိပါတယ်။

Kit တစ်ယောက်အဲဒီကျောင်းကိုရောက်ပြီးတဲ့အခါမှာတော့ နောက်ထပ်အံ့အားသင့်စရာတစ်ခုနဲ့ ထပ်ပြီးကြုံရပါတယ်။

အဲဒါကတော့ အဲဒီကျောင်းမှာ ကျောင်းသူဆိုလို့ သူအပါအဝင်မှ ငါးယောက်တည်းရှိနေရခြင်းပါ။

အားလုံးဟာမိန်းကလေးတွေချည်းဖြစ်ပြီးတော့ သူလိုပဲပြစ်မှုကျူးလွန်ထားလို့ကျောင်းပြောင်းရတဲ့သူတွေချည်းပဲဖြစ်ပါတယ်။

 

 

Kit ဟာ ဘာကြောင့်ကျောင်းတစ်ကျောင်းမှာ ကျောင်းသူငါးယောက်တည်းရှိရတာလဲလို့ ကျောင်းအုပ်ကြီးကိုမေးခွန်းထုတ်ခဲ့ရာမှာ ‘မင်းတို့ဟာပါရမီထူးရှိတဲ့သူဖြစ်တာကြောင့်’ လို့ဆိုတဲ့အဖြေတစ်ခုကလွဲပြီး တိတိပပဘာတစ်ခုမှမသိခဲ့ရပါဘူး။

ကျောင်းသူတွေအနေနဲ့လည်း ကိုယ့်အပြစ်ကိုယ်ခံရတာဖြစ်တယ်ဆိုတဲ့အသိနဲ့ ဘာမှစောဒကမတက်တော့ဘဲ ကျောင်းကိုသာအေးအေးချမ်းချမ်းတက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ကျောင်းအိပ်ကျောင်းစားဖြစ်တဲ့အတွက်ကြောင့် ကျောင်းသူငါးယောက်ဟာ တစ်ယောက်တစ်ခန်းဆီအပိုင်ရပြီး ကိုယ်ပိုင်အခန်းတွေမှာပဲအိပ်ရပါတယ်။

Kit တစ်ယောက် ညဘက်အိပ်စက်တဲ့အခါမှာ အသံဗလံတွေကြားရပြီး တစ်ယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရတာတွေ ရှိခဲ့ပေမယ့်လည်း စိတ်ထင်တာကြောင့် ဖြစ်မှာပါဆိုပြီးမေ့မေ့ပျောက်ပျောက်ပဲနေခဲ့ပြီး ကျောင်းစာကိုသာဆက်ပြီးသင်ကြားခဲ့ပါတယ်။

အဲဒီကျောင်းမှာအလွန်ထူးဆန်းတာနောက်တစ်ခုရှိပါသေးတယ်။

အဲဒါကတော့ စာသင်တဲ့ကာလဘာမှမကြာသေးပေမယ့် ကျောင်းသူတေရဲ့အရည်အချင်းဟာ ပညာရှင်အဆင့်လောက်ထိရောက်အောင် တဟုန်ထိုးမြင့်တက်သွားတာပါပဲ။

အရင်ကျောင်းမှာ ရိုးရိုးဂဏန်းသင်္ချာတောင် အောင်ဖို့မနည်းဖြေရတဲ့သူက အဆင့်မြင့်သင်္ချာဘာသာရပ်မှာ ဆရာတစ်ဆူလိုဖြစ်နေတာတွေ၊ စန္ဒယားတီးသင်ခါစသူက ဘာမှမကြာသေးဘဲ ဂန္ဓဝင်တေးသွားကြီးတွေကို တီးတတ်နေတာ အစရှိသဖြင့်ပါပဲ။

ကျောင်းသူတွေကတော့ သူတို့ပါရမီပါတာကြောင့်ထင်ခဲ့ပေမယ့် တကယ့်အဖြစ်မှန်ကတော့အဲဒီလိုမဟုတ်ခဲ့ပါဘူး။

တစ်ညမှာ အဖြစ်မှန်အားလုံးပေါ်ပေါက်လာဖို့အကြောင်းဖန်လာခဲ့ပြီး Kit တစ်ယောက် ကျောင်းအုပ်ဆရာမကြီး Madam Duret ရဲ့အကြံအစည်အားလုံးကို သိရှိသွားတဲ့အခါမှာတော့…..။

ဒီဇာတ်ကားက Horror အမျိုးအစားဇာတ်ကားဖြစ်ပေမယ့် ဇာတ်လမ်းအသားပေးပြီးရိုက်ကူးထားတာကြောင့် အရမ်းကြီးတော့ကြောက်ဖို့မကောင်းပါဘူး။

Horro Genre Film တို့ရဲ့ထုံးစံအတိုင်း Rating နည်းပေမယ့် ကြည့်လို့ကောင်းပြီး အချိန်ပေးရကျိုးနပ်စေမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

Horror ကားကြိုက်ပေမယ့် အခုနောက်ပိုင်းမှာအရမ်းကိုပေါများလာတဲ့ ကြောက်ဖို့ကောင်းရင်ပြီးရော Jump Scare တွေလှိမ့်သုံးထားတဲ့ Horror ရုပ်ရှင်တွေကိုငြီးငွေ့နေတဲ့သူတွေ၊ Mystery ဆန်ဆန်လေးနဲ့ အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးကိုကြိုက်တဲ့သူတွေအနေနဲ့ကတော့ ဒီဇာတ်ကားကိုလက်မလွှတ်သင့်ပါဘူး။

 

(ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပါ)

 

 

 

File Size : (750 MB)
Quality : AMZN WEB-DL 720p
Running Time : 1hr 36min
Format : Mp4
Genre : Drama, Fantasy, Horror
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.AMZN.WEBRip.DDP5.1.x264-NTG
Translated by Myo Thant Kyaw
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)
Down a Dark Hall (2018)


No downloads available

Genres



Related movies