Exit print mode Print Data A+ A- Undo all

Dragon Fight (1989)

Dragon Fight (1989)Dragon Fight (1989)

Synopsis:

Dragon Fight (1989)

ခင်ဗျားတို့ ကလေးဘဝကို ပြန်တွေးကြည့်ရင် အဓိကပေါ်လာမယ့် တရုတ်မင်းသားတွေဆို ဂျက်လီ၊ ဂျက်ကီချမ်းနဲ့ စတီဖင်ချောင်ပဲရှိတယ်မလား။ သူတို့၃ယောက်ဟာ ဒီနိုင်ငံမှာ ဗီစီဒီခေတ်ကတည်းက လူတွင်ကျယ်လုပ်ခဲ့ကြသလို တခြားနိုင်ငံတွေအထိလည်း ထိုးဖောက်နိုင်ခဲ့တဲ့သူတွေပါပဲ။ ဂျက်လီနဲ့ ဂျက်ကီချမ်းဟာ The Forbidden Kingdom (2008) မှာမှ စတွဲရိုက်ဖြစ်ပေမဲ့ ချောင်နဲ့ ဂျက်လီကတော့ 1989 ကတည်းက အခုကားနဲ့ တွဲရိုက်ဖြစ်ခဲ့ပါတယ်။ ဂျက်ကီချမ်းနဲ့ ချောင်ကတော့ King of Comedy (1999) မှာ ဆုံဖူးသလို Gorgeous (1999) မှာလည်း ဆုံဖူးပါတယ်။ The Founding of a Republic (2009) ဆိုတဲ့ ပေါ်လစီကားမှာတော့ ၃ယောက်စလုံးပါပေမဲ့ ဘောင်မဝင်လို့ ထည့်မတွက်တော့ပါဘူး။

Dragon Fight (1989) မှာတော့ ဂျက်လီဟာ သူ့ဟန်အတိုင်း လူရိုးလူအ ကွန်ဖူးတော်တဲ့ကောင်နေရာက သရုပ်ဆောင်ထားပြီး စတီဖင်ချောင်ကတော့ သူ့ဟန်နဲ့ကွဲပါတယ်။ ဟာသတော့လုပ်ပေမဲ့ စောက်ပေါလုံးလုံးတော့ မဟုတ်သေးပါဘူး။ ဂျက်လီနဲ့ သူ့အဖွဲ့ဟာ အမေရိကကို သိုင်းစွမ်းရည်ပြပွဲအတွက်လာခဲ့ကြပါတယ်။ သူ့သူငယ်ချင်းက တရုတ်ပြည်မပြန်ဘဲ ထွက်ပြေးနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး သူက သူ့သူငယ်ချင်းကို နားဝင်ချရာကနေ သူပါကျန်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းအမှုကနေ သူ့ပတ်ပြီး သူဟာ ဝရမ်းပြေးလုံးလုံးဖြစ်ရာက သွားစရာနေရာမရှိဖြစ်သွားပါတယ်။ ဒီမှာချောင်နဲ့တွေ့ပြီး ချောင်ရဲ့အကူအညီနဲ့ သူနေစရာနဲ့ အလုပ်ရသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ အမေရိကန်လူဆိုးဂိုဏ်းဝင်ဖြစ်နေတဲ့ သူ့သူငယ်ချင်းနဲ့ သူပြန်တွေ့ပြီး ချောင်ကပါ အဲဒီလူဆိုးဂိုဏ်းနဲ့ သွားပတ်သက်မိတဲ့အခါမှာ ဂျက်လီဟာ ကွန်ဖူးစကေးတွေကို ပြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.4GB, 1.15GB
Quality – 1080p, 720p
IMDb Rating – 5.9/10
Format – mp4
Duration – 1H 36Min
Genre – Action, Crime, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by W
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Lung joi tin aai
Director
Billy Hin-Shing Tang
Stars
Dick Wei, Go Wang, Henry Fong Ping, Jet Li, Mark Williams, Michael McFall, Nina Li Chi, Stephen Chow, Steven Ho, Stuart Quan, Victor Chew
Release Date
1989
Rated
Unrated
Runtime
1h 36m
Country
Hong Kong
Popularity
6.326
Status
Released
ID IMDb.com
tt0095542
IMDB Rating
5.9
IMDB votes
1000
ID Themoviedb.org
35038
TMDb Rating
5.529
TMDb votes
17