Exit print mode Print Data A+ A- Undo all

Duck Duck Goose (2018)

Family can be a wild ride
Duck Duck Goose (2018)Duck Duck Goose (2018)

Synopsis:

ဒီဇာတ်ကားလေးကတော့ ပန် ဆိုတဲ့ ငန်းလေးရယ် ချီ နဲ့ချောင် ဆိုတဲ့ ဘဲပေါက်လေး နှစ်ကောင်ရယ် အကြောင်းဖြစ်ပါတယ်

ကြည့်လို့ကောင်းတဲ့ အန်နီမေးရှင်းလေးပါ

မိသားစု ဆိုတာဘာလဲ မိသားစုက ဘယ်လို ခွန်အားတွေပေးနိုင်လဲဆိုတာကို ပြသွားတာပါ

ပန်က ပေါ့ပျက်ပျက် နဲ့ ပျော်ပျော် နေတက်တဲ့ ငန်းတစ်ကောင်ပါ

ဒီလို နေတက်လို့လဲ ငန်းအုပ်က သူ့ကို ချဉ်နေကြတာပေါ့

ဒါပေမဲ့ ခေါင်ထိ အကုန် စားလို့ မှတ်ထားလားတော့ မသိပါဘူး

စည်းကမ်းကြီးပြီး အတည်တံ့နေတက်တဲ့ ငန်းအုပ်ခေါင်းဆောင်ကြီးရဲ့ သမီးဂျင်ဂျင်း ကိုမှကြိုက်နေတာပါ

ဒါပေမဲ့ ဒီလို ပေါ့ပျက်ပျက်ကောင်ကို ဂျင်ဂျင်းရဲ့ အဖေက ဘယ်သဘောကြမလဲ

ဒီလိုနဲ့ တစ်ရက် ပန် တစ်ယောက် အဲ့လေ ပန် တစ်ကောင် ပေါ့ပျကိပျက် ပေါက်ကရလုပ်ရင်းက သာသာယာယာ တောင်ကုန်းကို သွားနေတဲ့ ဘဲပေါက်အုပ်ထဲ ကျပြီး ဘဲမောင်နှမ နှစ်ယောက်က ဘဲအုပ်ထဲကနေကွဲထွက်သွားပါတော့တယ်

ဘဲပေါကလေးနှစ်ကောင်ထဲမျက်စိလည်တာပေါ့

တစ်ဖက်မှာလည်း ပန်တို့ ငန်းအုပ်က ဆောင်းခိုပြောင်းရွှေ့ ဖို့လုပ်နေပါတယ်

အဲ့အချိန်မှာ ပဲ ပန် တစ်ယောက်မမျှော်လင့်ပဲ တောင်ပံကျိုးသွားပါတော့တယ်

ဒီတော့က ဆောင်းခိုတဲ့ နေရာကို လမ်းလျှောက်သွားရဖို့ အကြောင်းဖန်လာတာပေါ့

လေပေါ်ပျံနေကြသတ္တဝါက လမ်းလျှောက်ရမယ်ဆိုတော့ နည်းနည်းတော့ ကသိကအောက်နိုင်တာပါပဲ

လမ်းမှာတွေ့ရမယ့် အန္တရာယ် တွေကအများကြီးရယ် ပန် ဘယ်လိုလုပ်မလဲ

ဉာဏ်ကောင်းလှတဲ့ ပန်က အုပ်စုကွဲနေတဲ့ ဘဲလေးနှစ်ကောင်ကို အသုံးချဖို့ ကြံပါတော့တယ်

သူတို့ကို သာသာယာယာတောင်ကြားကို လိုကိပို့ပေးမယ် ဘာညာ ဖောရှော လုပ်ပြီး သူ့အတွက်ကာဗာ အနေနဲ့ ခေါ်ဖို့ ကြံတာပေါ့

ဒီအခ်ျန်မှာပဲ ဘဲလေးနှစ်ကောင်ကို စားချင်နေတဲ့ ကြောင်ကို လည်း ပန်က ရင်ဆိုင်လိုက်ပါတယ်

ဒီလိုနဲ့ ဘဲလေးတွေကို တစ်ဖက်လှည့်နဲ့ ခေါ်လာပြီး ပန်တစ်ယောက်ထွက်လာပါတယ်

ဒါပေမဲ့ လမ်းမှာပဲ ပန်တစ်ယောက် ဘဲလေးတွေကို သံယောဇဉ်တွယ်မိသွားတဲ့အခါ ……..

ဘဲလေးတွေကို စားချင်တဲ့ကြောင်က မသေတဲ့အပြင် ပန်ကိုပါ လက်စားချေချင်လို့ နောက်ကလိုက်လာတဲ့ အခါ ……

ပန်တစ်ယောက် ဆယ်ခြောက်ရက်သား ဘဲလေးတွေနဲ့ ဘယ်လို အလွဲတွေ ဒုက္ခတွေကြုံမလဲ

လေပေါ်ပျံတဲ့ သတ္တဝါ လမ်းလျှောက်နေရတော့ အဆင်ပြေပါ့မလား

ဆောင်းခိုရာနေရာကို နှင်းမကျခင် အမှီရောက်မလား

ချစ်စရာ ဘဲလေးနှစ်ကောင်ကကော ဘာဖြစ်မလဲ ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရမှာပါဗျာ

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသာရစ်ပါ)

 

File Size : (700 MB) and (300 MB)
Quality : Blu-Ray 720p
Running Time : 1hr 31min
Format : Mp4
Genre : Animation, Adventure, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.X264-AMIABLE
Translated by Tariq L Walker
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Duck Duck Goose
Director
Christopher Jenkins
Stars
Carl Reiner, Diedrich Bader, Greg Proops, Jim Gaffigan, Lance Lim, Natasha Leggero, Reggie Watts, Rick Overton, Tong Zirong, Zendaya
Release Date
24 Aug 2018
Rated
PG
Runtime
91 min
Awards
N/A
Country
China, USA
Popularity
10.749
Status
Released
ID IMDb.com
tt4940416
IMDB Rating
5.4
IMDB votes
241
ID Themoviedb.org
375107
TMDb Rating
5.8
TMDb votes
11