Oscarတစ်ဆုရရှိခဲ့ပြီး ဂျွန်လက်စ်တာ(John Lesseter)နဲ့
လီယိုနက်မယ်လ်တင်(Leonard Maltin)တို့ရဲ့
အကြိုက်ဆုံးရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ
Walt Disneyရဲ့Pinocchioနဲ့Fantasiaရဲ့ငွေကြေးအရှုံးပေါ်မှုကိုဖြေရှင်းပေးခဲ့တဲ့
ရုပ်ရှင်လို့ပြောရင်လည်းမမှားပါဘူး
ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုမတိုင်ခင်လအနည်းငယ်အလိုက
ထုတ်လွှင့်ခဲ့တာဖြစ်လို့သူ့ခေတ်သူ့အခါကထင်သလောက်အောင်မြင်မှုမရခဲ့ပေမယ့်
ယနေ့ကျွန်တော်တို့အားလုံးအတွက်တော့ဂန္တ၀င်ရုပ်ရှင်ကားတစ်ခုဆိုတာတော့
ငြင်းလို့ရမယ်မထင်ပါဘူးဗျာ
(mini spoiler alert)
1941ခုနှစ်ရဲ့တစ်ခုသောမနက်ခင်းမှာ ဖလော်ရီဒါမှာရှိတဲ့ဆပ်ကပ်ထဲကတိရစ္ဆာန်အကောင်လေးတွေဆီကို
မျိုးတူအကောင်ပေါက်လေးတွေပါဆယ်ရောက်လာပါတယ်
ဆပ်ကပ်ထဲကဆင်မလေးဂျမ်ဘိုအတွက် သူ့သားဖြစ်လာမယ့်နားရွက်ကားကားနဲ့ဆင်လေးဂျမ်ဘိုဟာ
အကြောင်းတချို့ကြောင့်နောက်ကျမှရောက်လာခဲ့ပြီး
အရွယ်နဲ့မမျှကြီးမားလွန်းတဲ့ဧရာမနားရွက်တွေကြောင့်အခြားဆင်တွေရဲ့
စနောက်မှုကိုခံခဲ့ရကာ ဆပ်ကပ်မှာနေရာမပေးခံခဲ့ရပါဘူး
သူငယ်ချင်းရယ်လို့ခေါ်စရာသူ့အမေနဲ့ကြွက်ကလေးTimothyသာရှိခဲ့ပါတယ်
သူရဲ့ကြီးမားတဲ့နားရွက်တွေကြောင့်ဆပ်ကပ်ရဲ့စတန့်အကွက်တွေမှာ
တလွဲတွေဖြစ်ခဲ့မှုလူတကာ၊တိရစ္ဆာန်တကာရဲ့အမြင်မကြည်တာကိုခံရပါတော့တယ်
သူရဲ့သူငယ်ချင်းTimothyရဲ့အကူအညီနဲ့အတူဒမ်ဘိုကို
အားလုံးရဲ့အမြင်မကြည်တာကနေပြန်အဖက်ဆယ်ပြီး
ဆပ်ကပ်ရဲ့စတားဖြစ်လာအောင်
ဘယ်လိုကြိုးစလဲဆိုတာတော့အခုပဲကြည့်ရှု့နိုင်ပါပြီ
ဘာသာပြန်ပေးထားတာတော့ Htet Htet Myint ဖြစ်ပြီး
အညွှန်းနဲရေးပေးတာတော့Sithuပဲဖြစ်ပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။