Exit print mode Print Data A+ A- Undo all

Dumplings (2004)

You eat… that you are…
Dumplings (2004)Dumplings (2004)

Synopsis:

Dumplings (2004)

~ IMDb – 6.7/10, Rotten Tomatoes – 69% ~

ဒီကားက Three… Extremes ဆိုတဲ့ ဟောင်ကောင် ဂျပန်နဲ့ ကိုရီးယားနဲ့ ထိုင်းက Horror Thriller ဒါရိုက်တာတွေ စုပြီးရိုက်တဲ့ကားမှာပါတဲ့ Fruit Chan ရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုကို ပြန်ရိုက်ထားတာ‌ပေါ့။ ကင်ဂျီးဝန်၊ ပတ်ချန်းဝု၊ တခဲရှိမိုက်၊ ပီတာချန်းတို့လိုလူတွေတောင်ပါတယ်။ ဒီကားကတော့ Fruit Chan ရဲ့ အပိုင်းတိုကို အရှည်ပြန်ရိုက်ထားတာသက်သက်ပါပဲ။ ထူးတာက ဒါရိုက်တာတွေတင် လန်းတာမဟုတ်ဘဲ စီနီမာတိုဂရပ်ဖာကိုလည်း ဟောင်ကောင်ရုပ်ရှင်ဖန်တိုင်းသိကြမယ့် ခရစ္စတိုဖာဒွိုင်းကို သုံးပေးထားတယ်။ Fruit Chan ရဲ့ ဒီအရှည်ပြန်ရိုက်ထားတဲ့ကားမှာလည်း ဒွိုင်းပဲ စီနီမာတို ပြန်ကိုင်ထားတယ်။ Three Husbands တို့၊ Made in Hong Kong တို့ရဲ့ ဒါရိုက်တာ Fruit Chan ရဲ့ Extreme ဖြစ်တဲ့ကားဆိုတော့ ဒီလိုကားမျိုးတွေ သဘောကျတဲ့လူတွေအတွက် ရွှေပါပဲ။

မိန်းမသားတွေအတွက် ငယ်ရွယ်နုပျိုလှပမှုဟာ သိပ်ကို အရေးပါပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသမီးတွေပေါ့။ ဇရာကတမျိုး အိမ်ထောင်မှုက တစ်ဖုံနဲ့ အိုမင်းရင့်ရော်ပြီး နုပျိုမှုတွေပျောက်ဆုံးလာတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေမှာ တွေ့ရအများဆုံး ပြဿနာက ကိုယ့်လင်ယောက်ျားရဲ့ ဖောက်ပြန်ခြင်းပါပဲ။

ဒီဇာတ်လမ်းမှာလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက်ဟာ အိမ်ထောင်ကျပြီးနောက်မှာ လင်ယောကျာ်းရဲ့ သစ္စာဖောက်ခြင်းကို အကြိမ်ကြိမ်ခံနေရတယ်။ ကိုယ့်ရဲ့ နုပျိုမှုတွေပျောက်ဆုံးခြင်းကြောင့် ဖြစ်ရလေခြင်းလို့ ခံယူထားတဲ့ လီကတော်ဟာ နည်းလမ်းမျိုးစုံကို အသည်းအသန်ရှာဖွေပါတော့တယ်။ ဒီအချိန်မှာ ထူးခြားတဲ့ဖက်ထုပ်ရောင်းတဲ့ ဒေါ်ကြီးမေကို ရှာတွေ့သွားတယ်။ ဒေါ်ကြီးမေဟာ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းနေတော့ သူရဲ့ဖက်ထုပ်ကို မြည်းစမ်း စားသောက်ကြည့်ပါတော့တယ်။ သူ့ရဲ့ ဖက်ထုပ်ဟာ ဘာထူးခြားတဲ့ ပါဝင်ပစ္စည်းတွေပါဝင်နေလဲဆိုတာတော့ ပရိသတ်တို့ ကိုယ်တိုင်သာ ဆက်လက်ရင်ခုန်လိုက်ပါတော့…

(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.9GB, 730MB
Quality – 1080p, 720p
IMDb Rating – 6.7/10
Format – mp4
Duration – 1H 31Min
Genre – Drama, Horror
Subtitle – Myanmar Subtitle (Hardsub)
Translated by Mugiwara Ya
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Gau ji
Director
Fruit Chan
Stars
Bai Ling, Meme Tian Pu-Jun, Miki Yeung, Miriam Yeung, Pauline Lau, So-Fun Wong, Tony Leung Ka-Fai
Release Date
2004
Rated
Unrated
Runtime
1h 31m
Awards
3 wins & 3 nominations
Country
Hong Kong
Popularity
16.965
Status
Released
ID IMDb.com
tt0472458
IMDB Rating
6.7
IMDB votes
9800
ID Themoviedb.org
9060
TMDb Rating
6.7
TMDb votes
179