IMDb Rating (7.1) / Rotten Tomotes (85%)
ဘဝမှာ ကောလဟာလကြောင့် အချောင်နာမည်ကြီးနေတတ်တာမျိုးကြုံရတတ်ပါတယ်…
ကောင်းတဲ့ဖက်ကနာမည်ကြီးတာတော့ ရှားတတ်ပါတယ်…များသောအားဖြင့် မကောင်းတဲ့ဖက်မှာနာမည်ကြီးနေတာမျိုးပေါ့…
ဘာလို့လဲဆို လူတစ်ယောက် ကိုယ့်ထက်နိမ့်ကျသွားတယ်ဆိုပြီး မြိန်ရည်ရှက်ရည် နှိမ်ချင်ကြလို့ပါပဲ..
ဂွေးတိုလေး…စနှိုက်ကြော်..ကက…စောက်ပေါလေး…ရုပ်ဆိုးမ…သွားခေါကောင်..ထိပ်ပြောင်….ငမွဲလေးတို့ စသည်ဖြင့်ပေါ့…
မိမိရဲ့ ဖြစ်တည်မှုကို တခြားသူတွေက ကြည့်ပြီး အပုပ်ချဆုံးဖြတ်နေကြတာ ခံရခက်ပါတယ်…
ဒီလိုလူ့အသိုင်းအဝိုင်းရဲ့ အကျင့်ဆိုးတွေအကြောင်းကို ဒီဇာတ်ကားမှာ သရော်ထားပါတယ်…
ဇာတ်ကားအဆုံးသတ်မှာပြောသွားတဲ့စကားလေးက ထိမိလွန်းပါတယ်။
” ကျွန်မရဲ့ အပျိုစင်ဘဝကို သူ့ကိုပေးရင် ပေးတော့မှာ..ဘယ်တော့လဲဆိုတာတော့ မသိဘူး
နောက်၅မိနစ် နေရင်လည်း ဖြစ်သွားနိုင်တယ်
ဒါမှမဟုတ် နောက် ၆လ ဒါမှမဟုတ် မင်္ဂလာဦးညကျရင်ပေါ့ ..
ဒါပေမယ့် အံ့သြစရာ ကောင်းတာက အဲဒါ…ရှင်တို့အလုပ် မဟုတ်လို့ပဲ။ ”
ဒီဇာတ်ကားဟာ မင်းသမီး Emma Stone ရဲ့ မှတ်တိုင်လိုဖြစ်နေခဲ့ပြီး Budget $8 million သာကုန်ကျခဲ့ပေမယ့်
Box Office မှာ $75 million ရရှိတဲ့အထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တာပါ။
Teen School ဇာတ်ကားတွေထဲမှာတော့ Rating မြင့် ရသစုံဇာတ်ကားလေးဖြစ်ပါတယ်။
File size…(1.9 GB) and (1.1 GB)
Quality….BluRay 1080p and 720p 5.1CH
Format…mp4
Duration….01:32:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။