Exit print mode Print Data A+ A- Undo all

Eating Our Way to Extinction (2021)

When food costs the Earth, who pays the price?
Eating Our Way to Extinction (2021)Eating Our Way to Extinction (2021)

Synopsis:

Eating Our Way to Extinction (2021)

 

~ IMDb Rating – 7.5/10 ~

လူ​တွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စား​နေတဲ့ စားနပ်ရိက္ခာ​တွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအ​ကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်​​နေမှာ​သေချာပါတယ်။ ဒါ​ပေမဲ့ ကဏ္ဍ​ပေါင်းစုံက သု​တေသနပညာရှင်​တွေ နှစ်​ပေါင်းများစွာ လုပ်လာတဲ့ သု​တေသန​ရလဒ်​တွေ၊ အစီရင်ခံစာ​တွေက ဒီယူဆချက် မှန်ကန်​ကြောင်း သက်​​သေထူ​နေပါတယ်။

ကမ္ဘာ့လူဦး​ရေတစ်​နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာ​တွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် ​မွေးမြူ​ရေးလုပ်ငန်း​တွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ ​မွေးမြူ​ရေးလုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်​တွေ အဖြစ်မှန်​တွေကို သု​တေသနရလဒ်​တွေနဲ့အညီ ​သေချာ​ဖော်ထုတ်တင်ဆက်ထားတာပါ။

မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်​တွေ၊ မိုး​လေဝသပညာရှင်​တွေ၊ အစာအာဟာရပညာရှင်​တွေ စုံစုံလင်လင် ပါဝင်ထားပြီး ​မွေးမြူ​ရေးလုပ်ငန်း​ကြောင့် ဖြစ်လာတဲ့ သစ်​တောနဲ့ ​ရေသယံဇာတပြုန်းတီးမှု၊ ကမ္ဘာကြီးပူ​နွေးလာမှု၊ တိရစ္ဆာန်မှတဆင့် လူ​တွေကို ကူးစက်တဲ့ ကပ်​ရောဂါဆိုးတွေအ​ကြောင်း၊ ငါး​မွေးကန် လုပ်ငန်းနဲ့ အဏ္ဏဝါဇီဝမျိုးစိတ်မျိုးကွဲ​တွေရဲ့ မျိုးတုန်းမှုအ​ကြောင်း ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီ Documentary ကို ကြည့်လိုက်တာနဲ့ ကိုယ်​နေ့စဉ်စား​သုံးနေတဲ့ အစားအစာ​တွေက ကိုယ့်ရဲ့ပျက်သုဉ်းခြင်းကို ဘယ်လိုဦးတည်​​စေလဲဆိုတဲ့ အသိတစ်ခု ကျန်ခဲ့မှာပါ။

(ဒီ Documentary နဲ့အညွှန်းကို JimX မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.7GB, 763MB
Quality – 1080p, 720p
IMDb Rating – 7.5/10
Format – mp4
Duration – 1H 22Min
Genre – Documentary
Subtitle – Myanmar Subtitle (Hardsub)
Translated by JimX
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Ludo Brockway
Stars
Jeremy Rifkin, Joseph Poore, Kate Winslet, Marco Springmann, Michael Greger, Peter Wadhams, Richard Branson, Sylvia Earle, Tara Garnett, Tony Robbins
Release Date
2021
Rated
Unrated
Runtime
1h 22min
Country
United Kingdom
Popularity
2.825
Status
Released
ID IMDb.com
tt6462160
IMDB Rating
7.5
IMDB votes
1400
ID Themoviedb.org
858381
TMDb Rating
6
TMDb votes
3