Exit print mode Print Data A+ A- Undo all

Egon Schiele: Death and the Maiden 2016

Egon Schiele: Death and the Maiden 2016Egon Schiele: Death and the Maiden 2016

Synopsis:

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့

ဥရောပရုပ်ရှင်ပွဲတော်မှာ Egon Schiele ဆိုတဲ့

ရုပ်ရှင်ကားကို ဆင်ဆာအကြောင်းပြပြီး

ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ပိတ်ပင်ခဲ့တယ်၊

Nude Art,Erotic Art ကို ရေးဆွဲတဲ့ ပန်းချီဆရာ

Egon Schiele ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့

ဒီဇာတ်ကားမှာ Egon ရဲ့ Nude Art ပန်းချီဆွဲတဲ့နေရာမှာ

ဘယ်လိုအနုပညာဈန်ဝင်စားလည်းဆိုတာကို

ရိုက်ပြထားတာဖြစ်တာကြောင့် အဖော်အချွတ်တွေ

ပါတယ်ဆိုပြီး ဒီကဆင်ဆာအဖွဲ့က ပိတ်ပင်လိုက်တာပဲ

ဖြစ်ပါတယ်၊

ပန်းချီဆရာ Egon ဘဝက ထူးဆန်းဖွယ်ကောင်းတယ်၊

အသက် ၂၈ အရွယ်မှာ အပြင်းဖျားရောဂါကြောင့်

သေဆုံးသွားခဲ့ပေမယ့် ယနေ့အချိန်ထိ သူရေးဆွဲခဲ့တဲ့

ပန်းချီကားတွေက နာမည်ကျော်လူကြိုက်များပြီး

ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိနေပါပြီ၊

သူ့ရဲ့ အနုပညာအပေါ်မှာ ဘယ်လောက်ရူးသွပ်လည်းဆိုတာကို

ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ၊

 

လွမ်းဆွေးဖွယ်ကောင်းသော နောက်ခံတီးလုံးနဲ့အတူ

၁၉၀၀ ပြည့်နှစ် သြစတေးလျနောက်ခံဇာတ်လမ်းက

သင့်ကို ထိုင်ရာမထဆွဲခေါ်သွားမှာပါ၊Egon ရဲ့

အနုပညာဈာန်ဝင်စားမှု၊ သူ့ရဲ့နှလုံးသားရေး၊သူ့ရဲ့

နောက်ဆုံးနေ့ရက်တွေအကြောင်းကို ရိုက်ကူးထားပြီး

ကမ္ဘာကျော်ပန်းချီဆရာရဲ့ ဘဝကိုသိရှိနားလည်စေမှာပါ၊

 

Sex ခန်းတွေမပါဝင်ပေမဲ့ nude အခန်းတွေပါဝင်တာ

ကြောင့် မိသားစုနဲ့တော့ ကြည့်ဖို့အဆင်မပြေပါဘူး၊

 

ဒီရုပ်ရှင်ကားကို Shain Htet Naing မှ ဘာသာပြန်ပေးထားပြီး

Movie ရဲ့ Review ကိုတော့ ကို Zin Ko Ko မှ ရေးပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Egon Schiele: Death and the Maiden
Director
Dieter Berner
Stars
André Jung, Cornelius Obonya, Daniel Sträßer, Elisabeth Umlauft, Larissa Breidbach, Maresi Riegner, Marie Jung, Noah Saavedra, Thomas Schubert, Valerie Pachner
Release Date
07 Oct 2016
Rated
N/A
Runtime
110 min
Awards
6 wins & 5 nominations.
Country
Austria, Luxembourg
Popularity
3.226
Status
Released
ID IMDb.com
tt4558396
IMDB Rating
6.5
IMDB votes
523
ID Themoviedb.org
416574
TMDb Rating
7.4
TMDb votes
20