Exit print mode Print Data A+ A- Undo all

Elephant White (2011)

Set your sights on revenge
Elephant White (2011)Elephant White (2011)

Synopsis:

 

 

ဒီဇာတ်လမ်းလေးရဲ့‌နေရာကတော့ဘန်ကောက်မြို့တော်ကြီး။

အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့

လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘန်ကောက်ရဲ့နာမည်ကြီး

ညငှက်လေးတို့ရဲ့လောကကလည်းတခုအပါအ၀င်ပေါ့။

ဒီညငှက်လေးတွေရဲ့နောက်က လိင်လုပ်သားလုပ်ငန်းတွေ

မူးယစ်ဆေးလုပ်ငန်းတွေ ကလေးသူငယ်လူကုန်ကူးမှုတွေဆိုတာ

ခွဲခြားလို့မရနိုင်တဲ့အရာတွေပါပဲ။

 

ဒီလောကကြီးထဲကိုရောက်လာတာကတော့ကြေးစားလူသတ်သမား

ကာတီချက်ခ်ျ။ အလုပ်ရှင်ရဲ့ငှားရမ်းချက်အရ သူ့သမီးဖြစ်သူကို

ဆေးစွဲအောင်လုပ်ပြီးခိုင်းစားနေတဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကလူတွေကို

သတ်ပေးဖို့။ ဒါပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်က ဂိုဏ်အဖွဲ့နှစ်ဖွဲ့ကြား

ပြဿနာတွေကိုပိုရှုပ်လာစေခဲ့တယ်။ အရင်ကမိတ်ဆွေလည်းဖြစ်

အခုဘန်ကောက်မှာ ကလပ်ဖွင့်နေတဲ့ ဂျင်မီဆိုတဲ့လူရဲ့အကူအညီနဲ့

ဒီအဖွဲ့‌တွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာသူ့ဆီဘယ်လိုလိုက်လာ

မှန်းမသိတာက မေး ဆိုတဲ့ထိုင်းသူလေး။ သူရှင်းခဲ့တဲ့ နေရာကနေ

ဘယ်လိုလိုက်လာမှန်းလဲမသိ ဒီလူကုန်ကူးတဲ့ပြည့်တန်ဆာဂိုဏ်းနဲ့

လည်းပတ်သက်နေပုံရတဲ့ဒီကောင်မလေးကိုပါ ကာတီတယောက်

ကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့

ကာတီတယောက် ဒီအဖွဲ့တွေကိုရောတားဆီးနိုင်ပါ့မလား။

မေးဆိုတဲ့ကောင်မလေးရဲ့ဇာတ်လမ်းကရောဘာလဲ။ သူ့ကိုငှားခဲ့တဲ့

အလုပ်ရှင်ဆိုတာရဲ့ အစစ်အမှန်ကရောဘာလဲ။ အဆုံးမှာဘာတွေ

ဖြစ်သွားမလဲဆိုတာကိုရှူစားပေးကြပါဦး

 

 

File size…1.64GB / 724MB
Quality…Blu-Ray 1080p 5.1CH / 720p
Format…mp4
Duration….1h 31m
Genre ….. Crime , Action , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Brackman



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $10 000 000,00
Popularity
10.036
Status
Released
ID IMDb.com
tt1578882
ID Themoviedb.org
57585
TMDb Rating
5
TMDb votes
169