Channel Myanmar

Enter The Coffin ( 2023 )

1h 30 min Thriller

6
IMDB: 6/10 365 votes

, , , ,

China

142450

Report error

အယူသည်း / အစွဲလမ်းကြီးတယ်ဆိုတဲ့နေရာမှာ ကောင်းတာတွေလဲ
ရှိသလို ဆိုးတတ်တဲ့အရာတွေလဲ ရှိစမြဲပါ ။ ဒီနေ့မှာတော့ CM က
ပရိတ်သတ်ကြီး ကို အယူသည်း / အစွဲလမ်းကြီးတတ်တာနဲ့
ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။

စီးပွားရေးလုပ်ငန်းတိုင်း လုပ်သမျှအဆင်မပြေ အခက်အခဲတွေနဲ့ အမြဲတမ်းရင်ဆိုင်နေရသူ ၊
၆ လသားအရွယ်သားငယ်လေးဟာလဲ ညညဆို ထူးဆန်းစွာနဲ့ ငိုနေသည်မို့
စိတ်ပူပန်နေရသူ ၊ မိမိလုပ်ကိုင်နေတဲ့ သိုလှောင်ရေးရုံမီးလောင်ပြီး
လုပ်ဖော်ကိုင်ဖက်လဲ မီးထဲပါကာ သူ့ရဲ့ဆေးကုစရိတ်နဲ့
လျော်ကြေးငွေတွေပေးအပ်ဖို့ ရင်ဆိုင်နေရသူ – မာယွမ်ဟောက်

ဒီလို ကံဆိုးမှုတွေဟာ တိုက်တိုက်ဆိုင်ဆိုင် တစ်ကြိမ်ပြီး
တစ်ကြိမ်ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ ရှေးရိုးစွဲဆန်ပြီး
အယူသည်းတဲ့ မာယွမ်ဟောက်ရဲ့ မိခင်ဟာ နတ်ဆရာတွေကို
အတင်းအကျပ် ယုံကြည်ကိုးကွယ်ခဲ့ပါတော့တယ် ။
ယနေ့ခေတ် လူငယ်ပီပီ နတ်တွေ ဝိဉာဥ်တွေမယုံကြည်တဲ့
မာယွမ်ဟောက်တို့ ဇနီးမောင်နှံကလဲ အမေဖြစ်သူရဲ့ လုပ်ရပ်အတွက် အရမ်းကိုစိတ်ကျဥ်းကျပ်နေရရှာပါတော့တယ် ။

❏ ဒီလိုအခက်အခဲနဲ့ ကြုံနေစဥ်အတွင်းမှာပဲ ကွဲကွာနေတာကြာပြီဖြစ်တဲ့
မာယွမ်ဟောက်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ကျန်းဟိုင်လင်ဟာ
မာယွမ်ဟောက်ရဲ့ နံဘေးကို ပြန်လည်ချဥ်းကပ်ရောက်ရှိလာခဲ့တဲ့အခါမှာ….?

❏ တစ်ဖက်မှာလဲ နတ်ဆရာတွေရဲ့ဟောပြောမှူတွေ ဖိအားပေးမှုတွေကြောင့်
ဒီအိမ်ကြီးဟာ မကောင်းဆိုးဝါးကပ်နေသည့်အတွက်ကြောင့် စွန့်ပြစ်ဖို့အခြေအနေထိ ဖြစ်လာတဲ့အခါ….?
မာယွမ်ဟောက်တစ်ယောက် ဒီအခက်အခဲတွေကို သူဘယ်လိုဖြေရှင်းမလဲ ။
မိသားစု အယူသည်းတဲ့အမေ မိန်းမဖြစ်သူနဲ့သား အစရှိတဲ့သူတွေ
တစ်ပြီးတစ်ခု ပြဿနာတွေကြုံနေရချိန်မှာ ဘယ်လိုတွေရင်ဆိုင်မလဲ ။
အယူသည်းမှုတွေရဲ့ နောက်ကွယ်က အမှန်တရားဟာ
ဘာတွေဖြစ်မှာလဲဆိုတာ ဒီဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလိုက်ရအောင်ပါနော်။

(Reviewed By Chit Mya Mya Hmwe)

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Thriller
Runtime : 1h 30 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Enter The Coffin ( 2023 )


No downloads available

Genres



Related movies