Channel Myanmar

Even Mice Belong in Heaven (2021)

AdventureAnimationComedy

7.2
IMDB: 7.2/10 votes

259160

Report error

IMDb Rating (7.2) / Rotten Tomatoes (100%)

အခုလို ဆောင်းရာသီလေးမှာ ​ပေါ့​ပေါ့ပါးပါးနဲ့ ကာတွန်းကားကောင်းလေးတစ်ကားကြည့်ဖို့ စိတ်ကူးရှိတယ်ဆိုရင် လောလောလတ်လတ်ထွက်ရှိထားတဲ့ Even Mice Belong In Heaven ဆိုတဲ့ ကာတွန်းကားလေးကို ညွှန်းလိုက်ပါရစေ။

ထူးထူးခြားခြားအနေနဲ့ ဒီကားလေးကို ရုပ်သေရုပ်ဆက်ရိုက်ချက်(stop motion technique)နဲ့ ရိုက်ကူးထားတဲ့အတွက် ကြည့်ရတာဆန်းနေပါလိမ့်မယ်။ ဒီကားလေးမှာ ရဲစွမ်းသတ္တိရှိရမယ် ရှိတယ်လို့ အထင်​ရောက်​နေတဲ့ ကြွက်ကလေးတစ်ကောင်နဲ့ ဘုမသိဘမသိ ​ကောင်းကင်ဘုံကို ရောက်သွားရရှာတဲ့ မြေခွေးတစ်ကောင်ရဲ့ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။

ကြွက်မလေးဟာ ရဲစွမ်းသတ္တိရှိတယ်လို့ ပြချင်တာနဲ့ပဲ မြေခွေးရဲ့ အမွှေးသွားဆွဲနှုတ်ရာကနေ ၂ ကောင်လုံး ကားတိုက်ခံရပြီး ​ကောင်းကင်ဘုံ ရောက်သွားကြတယ်။ ​ကောင်းကင်ဘုံ​ရောက်​ရောက်ချင်း ​ရေချိုးရမယ်ဆို​တော့ ဘယ်လောက်ပဲ ရဲစွမ်းသတ္တိရှိတယ်ပြောပြော ရေအသေကြောက်ကြတဲ့ ၂ ကောင်လုံးဟာ ​ကောင်းကင်ဘုံမှာ ပေါက်ကရတွေစဖြစ်ပါတော့တယ်။

မရောက်ဖူးတဲ့နေရာကလည်းဖြစ် ကြောက်ကလည်းကြောက်၊ မတည့်ကလည်းမတည့်နဲ့ ၂ ကောင်ပေါင်းလောင်းကျော်ပြီး သံယောဇဉ်တွေဖြစ်လာ၊ အခက်အခဲတွေ အတူတူဖြတ်ကျော်ပြီး နောက်ဘဝဆိုတာကို ဘယ်လိုတွေ အတူတူကူးဖြတ်ကြမလဲဆိုတာကို ကြည့်ရှုကြပါဦးလို့…။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားတာပါ။)

File size…(1.1 GB)/(550 MB)
Quality….WEB-DL 1080p / 720p
Format…mp4
Duration….01:20:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Mugiwara Ya



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Even Mice Belong in Heaven (2021)
Even Mice Belong in Heaven (2021)
Even Mice Belong in Heaven (2021)
Even Mice Belong in Heaven (2021)
Even Mice Belong in Heaven (2021)


No downloads available

Genres



Related movies