Exit print mode Print Data A+ A- Undo all

Feel the Beat 2020

Take your chance. Make your move.
Feel the Beat 2020Feel the Beat 2020

Synopsis:

ဒီတစ်​​ခေါက်​တင်​ဆက်​​ပေးမယ့်​ ဇာတ်​ကား​လေးက​တော့ dancer ဖြစ်​ဖို့ကြိုးစား​နေတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ရဲ့ဘဝကို စိတ်​ဝင်​စားဖွယ်​ရိုက်​ကူးတင်​ဆက်​ထားတဲ့ မိသားစုဟာသကား​လေးပဲဖြစ်​ပါတယ်​။ April Dibrina ဟာ ဘ​ရော့​ဝေးကပြဇာတ်​​တွေမှာ ​ခေါင်း​ဆော​င်​​မင်းသမီးဖြစ်​ဖို့ကြိုးစား​နေတဲ့ အကသမားတစ်​ဦးပါ။ ​မွေးရပ်​​မြေမှာရှိတဲ့ ချစ်​သူကိုပါစွန့်​လွှတ်​ပြီး သူမရဲ့အိမ်​မက်​​တွေကိုအ​ကောင်​အထည်​​ဖော်​ဖို့ ကြိုးစားခဲ့​ပေမယ့်​ ထုတ်​လုပ်​သူတစ်​​ယောက်​ရဲ့​ရှေ့မှာ အမှားလုပ်​မိတာ​ကြောင့်​ သူမရဲ့အိမ်​မက်​​တွေ ပျက်​စီးလုနီးပါးဖြစ်​ခဲ့ရပါတယ်​။ စိတ်​ဓာတ်​ကျ​နေတဲ့ April Dibrinaတစ်​​ယောက်​ ဖခင်​ရှိတဲ့သူမရဲ့ဇာတိမြို့ကိုပြန်​သွားတဲ့အခါမှာ​တော့ သူမရဲ့အိမ်​မက်​ကို ပြန်​လည်​အ​ကောင်​အထည်​​ဖော်​ဖို့ လမ်းစတစ်​ခုရခဲ့ပါတယ်​။ အဲ့တာက​တော့ သူမငယ်​ငယ်​ကသင်​ခဲ့ရတဲ့ အကသင်​တန်း​ကျောင်းက က​လေးငယ်​​တွေနဲ့အတူ အကပြိုင်​ပွဲဝင်​ရင်း ​ဘ​ရော့​ဝေးက နာမည်​ကြီးပွဲစီစဉ်​သူ Welly Weng ရဲ့​ရှေ့ကပြရမယ့်​ အခွင့်​အ​ရေးပါပဲ။ ဒီအခွင့်​အ​ရေးရဖို့ သူမအတွက်​ သိပ်​မလွယ်​လှပါဘူး။ ဘာ​ကြောင့်​လဲဆို​တော့ သူမသင်​​ပေးရမယ့်​ က​လေး​တွေဟာ ကတဲ့​နေရာမှာ အဆင်​မ​ပြေတဲ့အပြင်​ ချို့ယွင်းချက်​များစွာနဲ့ဖြစ်​​နေလို့ပါပဲ။ ဒီကား​လေးထဲမှာ သူမရဲ့အိမ်​မက်​အတွက်​ အမြဲကြိုးစား​နေတဲ့ dancer မ​လေး April Dibrina အဖြစ်​ Sofia Carson ကသရုပ်​​ဆောင်​ထားတာပဲဖြစ်​ပါတယ်​။ အကနဲ့ပတ်​သတ်​ပြီး အလွဲလွဲအ​ချော်​​ချော်​ဖြစ်​​နေကြတဲ့အပြင်​ ချို့ယွင်းချက်​ကိုယ်​စီနဲ့ က​လေး​တွေကို April Dibrinaတစ်​​ယောက်​ ဘယ်လိုဦး​ဆောင်​သွားမလဲ ထူးခြားတဲ့အရည်​အ​သွေး​တွေနဲ့ ပြိုင်​ဆိုင်​ကြမယ့်​ အဖွဲ့​တွေအများကြီးကြား April တို့အဖွဲ့ အနိုင်​ရပြီး Welly Wong အသိအမှတ်​ပြုတာခံရဖို့ ကြိုးစားနိုင်​ပါ့မလား နယ်​မြို့​လေးမှာကျန်​ခဲ့တဲ့ သူမလမ်းခွဲခဲ့တဲ့ ချစ်​သူနဲ့​ရော ပြန်​အဆင်​​ပြေသွားမှာလား က​လေး​တွေနဲ့ သံ​ယောဇဉ်​​တွယ်​သွားတဲ့ April တစ်​​ယောက်​ သူမရဲ့အနာဂါတ်​လမ်းနဲ့ က​လေး​တွေကြား ဘယ်​လို​ရွေးချယ်​မှုပြုလုပ်​သွားမလဲ စတာ​တွေကို ရင်​တထိတ်​ထိတ်​နဲ့ ​ကြည့်​ရှုရမယ့်​အပြင်​ နယ်​မြို့​လေးတစ်​မြို့က မြို့သူမြို့သား​တွေရဲ့ ဟာသအလွဲ​လေး​တွေကိုပါ မြင်​​တွေ့ရမှာမို့ လက်​လွှတ်​မခံသင့်​တဲ့ မိသားစု ဟာသ ဒရမ်​မာ ဇာတ်​မြူး​လေးပဲဖြစ်​ပါတယ်

Quality – 720p  webrip

Duration – 1 hr 49min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Comedy, Drama, Family

Translator –Lwin Lwin Aung

Encoder – Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Elissa Down
Stars
Dennis Andres, Donna Lynne Champlin, Enrico Colantoni, Johanna Colón, Lidya Jewett, Marissa Jaret Winokur, Rex Lee, Shiloh Nelson, Sofia Carson, Wolfgang Novogratz
Popularity
134.314
Status
Released
ID IMDb.com
tt10714856
IMDB Rating
6.4
IMDB votes
1934
ID Themoviedb.org
707886
TMDb Rating
8.1
TMDb votes
224