Exit print mode Print Data A+ A- Undo all

Fengshui (2018)

The one that occupies the propitious site would rule the world.
Fengshui (2018)Fengshui (2018)

Synopsis:

ဖုန်း​​ရွှေပညာရပ်​အရ မင်္ဂလာ​မြေဟာ လူသား​တွေရဲ့ကံဇာတာကို တိုးတက်​​စေဖို့ များစွာကူညီ​ပေးတယ်​ဆိုတာကို​တော့ ​တော်​​တော်​များများကြားဖူးကြမှာပါ။

ဒီကား​လေး​ထဲမှာ​တော့ အထက်​တန်းစားမျိုးနွယ်​ဖြစ်​တဲ့ ကင်​မျိုးနွယ်​စုဟာ ​မိမိတို့ အလိုပြည့်​ဖို့ ဖုန်း​ရွှေပညာနဲ့ ​မြေရဲ့စွမ်းအား​တွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူ​တွေဖြစ်​ပြီး သူတို့လမ်းမှာ ဝင်​​နှောင့်​ယှက်​သူ​တွေကိုလည်း ရှင်းပစ်​ဖို့ဝန်​မ​လေးတဲ့သူ​တွေပါ။

တိုင်းပြည်​အ​ပေါ်သစ္စာ​စောင့်​သိတဲ့ သာမာန်​ဖုန်း​ရွေပညာရှင်​​လေး ပတ်​​ဂျေဆန်း က​တော့ အမတ်​ကြီးရဲ့မျက်​မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီး​နောက်​ ကင်​မိသားစုရဲ့ မသမာမှု​တွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်း​ရွှေပညာကို ​လူသား​တွေအကျိုးအတွက်​သာအသုံးပြုချင်​သူပဲဖြစ်​ပါတယ်​။

မြေစွမ်းအားကို အသုံးပြုပြီး ​တော်​ဝင်​မိသားစုကို​ ကြိုက်​သလို ခြယ်​လှယ်​​နေတဲ့ ကင်​အမတ်​ကြီး အုပ်​စိုးမှု​အောက်​မှာ ရူးချင်​​ယောင်​​ဆောင်​​ခဲ့ရတဲ့ ဟုန်​ဆိုးမင်းသားတစ်​​ယောက်​ သူ့ရဲ့အ​ပေါင်းအပါ​တွေနဲ့အတူ တူ​တော်​မင်းကြီးကို ကူညီရင်း ဖုန်း​ရွှေပညာရှင်​​လေးနဲ့ ပူး​ပေါင်းမိကြပါတယ်​။

သူကိုယ်​တိုင်​​ အနှိမ်​ခံ​တော်​ဝင်​​ခွေးအဖြစ်​နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်​ဆိုးမင်းသားတစ်​​ယောက်​ မျိုးဆက်​နှစ်​ဆက်​ မင်းဖြစ်​​စေနိုင်​တယ်​ဆိုတဲ့ ​မြေစွမ်းအားကို တပ်​မက်​မိတဲ့အခါမှာ​တော့….

ဂျိုဆွန်းပြည်​ကြီး ဘယ်​လို အဖြစ်​အပျက်​​တွေနဲ့ ကြုံ​တွေ့ရမှာလဲ… ?

ဆိုတဲ့ အဖြစ်​အပျက်​​လေး​တွေကို ဒီကား​လေးထဲမှာ ပရိသတ်​ကြီး စိတ်​ဝင်​တစားကြည့်​ရှုရမှာဖြစ်​ပါတယ်​…..

ဒီလို မင်းမျိုးနွယ်​​တွေရဲ့ အရှုပ်​အ​ထွေး​တွေကြား နာမည်​ကြီး မင်းသမီးတစ်​လက်​ဖြစ်​တဲ့ Moon Chae-won က​လည်း ဒီကား​လေးထဲမှာ ဖခင်​အတွက်​ လက်​စား​ချေဖို့ ကြိုးစား​နေသူ ​ဂေဟာမယ်​​ခေါင်း​ဆောင်​ ချိုဆန်းအဖြစ်​ ပါဝင်​သရုပ်​​ဆောင်​ထား​သေးပါတယ်​​နော်​….

ပညာရှင်​ ပတ်​​ဂျေဆန်း အဖြစ်​ Cho Seung-woo

ဟုန်​ဆိုးမင်းသားအဖြစ်​ Ji Sung

ချိုဆန်းအဖြစ်​ Moon Chae-won တို့က ပါဝင်​သရုပ်​​ဆောင်​ထားတာပဲဖြစ်​ပါတယ်

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ ကြာဖြူလွင်ပါ)

 

File Size : (950 MB) and (390 MB)
Quality : HDRip 720p
Running Time : 2hr 13min
Format : Mp4
Genre : History
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.FHDRip.x264.AAC PCHD
Translated by Kyar Phyu Lwin
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Myung-dang
Director
Park Hee-kon
Stars
Baek Yoon-sik, Cho Seung-woo, Ji Sung, Kang Tae-oh, Kim Min-jae, Kim Sung-kyun, Lee Won-keun, Moon Chae-won, Park Choong-seon, You Jae-myeong
Release Date
19 September 2018 (South Korea)
Rated
N/A
Runtime
2h 13min
Awards
N/A
Country
South Korea
Popularity
1.716
Status
Released
ID IMDb.com
tt7046524
IMDB Rating
6.1
IMDB votes
55
ID Themoviedb.org
544089
TMDb Rating
7.7
TMDb votes
3