Exit print mode Print Data A+ A- Undo all

Finding Mr. Destiny (2010)

First Love Agency: at your service 24/7
Finding Mr. Destiny (2010)Finding Mr. Destiny (2010)

Synopsis:

[Unicode]

Finding Mr.Destiny(2010)

IMDb rating – 6.5/10

ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင်
အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။
Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။

*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။
သူက’ကံကိုယုံပြီးဆူးပုံနင်း’ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။
လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး
ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။

ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး
ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။
ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး
ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။

*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။
သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။
ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း “အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း”ကိုစတင်လိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ –
အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက
ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။
ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့”ကင်ဂျုံဝု”ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို
ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။
ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့
ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ
ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။

ဂျီဝူးတစ်ယောက် “ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား”သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။

( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )

[Zawgyi]

Finding Mr.Destiny(2010)

IMDb rating – 6.5/10

ဒီကားကေတာ့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ္ျပီးျပန္႐ိုက္ထားတဲ့႐ုပ္ရွင္ျဖစ္ပါတယ္။
Box office မွာလည္း 7.5millionsထိရရွိခဲ့တဲ့ဇာတ္ကားေကာင္းတစ္ကားလည္းျဖစ္ပါတယ္။
Romance/Comedyျဖစ္ၿပီးေတာ့ ဇာတ္ဝင္ခန္းေတြကလည္းေတာ္ေတာ္ရယ္ရတဲ့အျပင္
အိႏၵိယႏိုင္ငံမွာ႐ိုက္ကူးထားတဲ့sceneေတြလည္းပါတာမို႔ ၾကည့္ရက်ိဳးနပ္ေစမဲ့ဇာတ္ကားတစ္ကားျဖစ္မွာပါ။
Male lead ဟန္ဂီဂၽြန္းအျဖစ္ ဆယ္ေက်ာ္သက္အမ်ိဳးသမီးေလးေတြရဲ႕အခ်စ္ေတာ္ ဦး Gong Yooကပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

*ေဆာဂ်ီဝူး*ဆိုတဲ့မိန္းကေလးက ရႈိးပြဲမန္ေနဂ်ာတစ္ေယာက္ပါ။
သူက’ကံကိုယုံုၿပီးဆူးပုံနင္း’ဆိုသလို ကံကိုအလြန္အမင္းယုံၾကည္ပုံအပ္ထားတတ္တဲ့သူမ်ိဳးပါ။
လြန္ခဲ့တဲ့၁၀ႏွစ္တုန္းက အိႏၵိယကိုအလည္သြားစဥ္မွာ ကင္ဂ်ံဳဝုဆိုတဲ့သူ႔အခ်စ္ဦးကိုစေတြ႕ခဲ့ၿပီး
ခရီးစဥ္အတြင္းမွာပဲသူနဲ႔ခ်စ္သူေတြျဖစ္ခဲ့ပါတယ္။

ဒီလူဟာသူ႔ရဲ႕Mr.destinyဟုတ္မဟုတ္စမ္းသပ္ခ်င္တဲ့ဂ်ီဝူးက သူတို႔ႏွစ္ေယာက္ကိုရီးယားကိုျပန္ေရာက္ရင္ေတြ႕မယ္ဆိုၿပီး
ခ်ိန္းဆိုထားတဲ့ေနရာကိုေရာက္ေအာင္မသြားခဲ့ပါဘူး။
ဒီလိုနဲ႔ပဲသူ႔အခ်စ္ဦးနဲ႔အဆက္အသြယ္ျပတ္ကာ ၁၀ႏွစ္လုံးသူ႔ရဲ႕အလုပ္ထဲမွာပဲစိတ္ႏွစ္ထားၿပီး
ျပင္ျပင္ဆင္ဆင္လည္းမရွိ၊အခ်စ္ေရးကိုလည္းစိတ္မဝင္စားတဲ့သူတစ္ေယာက္ျဖစ္လာပါတယ္။

*ဟန္ဂီဂၽြန္း*ကေတာ့ ခရီးသြားေအဂ်င္စီမွာအလုပ္လုပ္တဲ့ေအးဂ်င့္တစ္ေယာက္ပါ။
သူ႔ရဲ႕႐ိုးသားလြန္းၿပီးခရီးသြားေတြအေပၚအလြန္အမင္းစိုးရိမ္ေပးတတ္တဲ့စိတ္ေၾကာင့္ေဖာက္သည္ေတြပ်က္ရတဲ့အတြက္ အလုပ္ထုတ္ခံရပါတယ္။
ဒါနဲ႔သူလည္းေနာက္အလုပ္သစ္ရွာရင္း “အခ်စ္ဦးရွာေဖြေရးအက်ိဳးေဆာင္လုပ္ငန္း”ကိုစတင္လိုက္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ဒီလိုပါ –
အခ်စ္ဦးကိုေမ့မရႏိုင္ျဖစ္ၿပီးလက္ထပ္ဖို႔ေနာက္က်ေနတဲ့ေဆာဂ်ီဝူးအတြက္စိတ္ပူတဲ့သူ႔အေဖက
ဂ်ီဝူးေက်နပ္ေအာင္သူ႔အခ်စ္ဦးကိုရွာေပးဖို႔ ဂီဂၽြန္းရဲ႕အက်ိဳးေဆာင္လုပ္ငန္းဆီေရာက္လာပါတယ္။
ဒီလိုနဲ႔သူတို႔ႏွစ္ေယာက္ဟာ ဘယ္ဆီေရာက္ေနမွန္းမသိတဲ့”ကင္ဂ်ံဳဝု”ကို နာမည္တစ္ခုတည္းနဲ႔တစ္ႏိုင္ငံလုံးႏွံ႔ေအာင္အတူတူလိုက္ရွာၾကတာေတြကို
ဟာသေတြေရာ romanceေတြနဲ႔ပါၾကည့္ရႈရမွာပါ။
ကင္ဂ်ံဳဝုနဲ႔ဂ်ီဝူးဘာလို႔ကြဲသြားလဲဆိုတာကိုသိရရင္ေဒါသျဖစ္မိႏိုင္ေပမဲ့
ဇာတ္သိမ္းပိုင္းမွာေတာ့ဂ်ီဝူးရဲ႕Mr.destinyအစစ္ကဘယ္သူလဲ
ဘယ္လိုေၾကာင့္လဲဆိုတာကိုသိရရင္ ေက်နပ္မိမွာပါ။

ဂ်ီဝူးတစ္ေယာက္ “ကံၾကမၼာကိုယုံၾကည္မိတာမွန္လားမွားလား”သိခ်င္ရင္ေတာ့ ဒီကားေလးထဲမွာဆက္လက္ၾကည့္ရႈၾကပါဦးေနာ္။

( အညႊန္းေရးသားထားသူကေတာ့ Ingyin San ျဖစ္ပါတယ္ )

File size__( 1 GB ) and ( 350 MB)
Quality__720p
IMDb Rating__6.5/10
Format__mp4
Duration__01:52:00
Type__Comedy , Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Kim-jong-wook-chat-gi
Release Date
8 December 2010
Rated
PG-13
Runtime
1h 52min
Country
(South Korea)
Popularity
5.902
Status
Released
ID IMDb.com
tt1826714
IMDB Rating
6.5
IMDB votes
1,048
ID Themoviedb.org
64882
TMDb Rating
6.8
TMDb votes
30