Exit print mode Print Data A+ A- Undo all

Fingernails (2023)

Love is a test. Results may vary.
Fingernails (2023)Fingernails (2023)

Synopsis:

Fingernails (2023)

Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ ဂျယ်ရမီအယ်လန်ဝှိုက်တို့ကို သုံးထားသေးတယ်။

ဇာတ်လမ်းအမျိုးအစားကတော့ Sci-Fi / Romance ဆိုတဲ့အတိုင်း ဒရာမာဇာတ်လိုဇာတ်ကိုမှ Sci-Fi အမြင်သစ်တွေနဲ့ ခပ်ဆန်းဆန်းတင်ပြထားတယ်။ ပြောရရင် သိပ်မကြာသေးခင်က ထွက်ခဲ့တဲ့ Foe နဲ့တောင်ဆင်တယ်။ A24 က ထုတ်တာမဟုတ်ပေမဲ့ A24 ကားတွေလို့ ကျွန်တော်တို့လက်ခံထားတဲ့ ပုံစံမျိုးတွေနဲ့လည်းဆင်တယ်။ သူ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်ထဲကလူတွေဟာ ချစ်သူစုံတွဲတွေကြားက အချစ်ကို စစ်မစစ် အကဲဖြတ်ဖို့အတွက် ချစ်သူနှစ်ဦးရဲ့ လက်သည်းခွံကို ခွာထုတ်ပြီး စက်ထဲထည့် စက်ကချပေးတဲ့ရာခိုင်နှုန်းကိုကြည့်ပြီး အတည်ပြုကြတယ်။ ပေါ့စတစ်ထွက်ရင် အပြန်အလှန်ချစ်နေကြတဲ့ အချစ်စစ်ဖြစ်ပြီး နဂ္ဂတစ်ထွက်ခဲ့ရင်တော့ မစစ်ဘူးပေါ့။ ဒီလိုနဲ့ ချစ်သူတွေစုံတွဲတွေဟာ သူတို့ကြားက အချစ်ကို စစ်မစစ်ကြည့်ဖို့ အဲဒီလိုအကဲဖြတ်ခဲ့ကြတယ်။ သိပ်အဆင်ပြေနေတဲ့ အိမ်ထောင်ရေးဖြစ်နေရင်တောင်မှ စက် မစစ်ဘူးလို့ ထွက်လာရင် အကြောင်းအမျိုးမျိုးနဲ့ကွဲပြဲကြတယ်။

ဒီလိုစက်က ပေါ့စတစ်ထွက်နိုင်ခြေဆိုတာလည်း တစ်ရာမှာ တစ်ဆယ်ကျော်ပဲရှိတဲ့အထိ အတော်နည်းပေမဲ့ စစ်ချင်တဲ့လူတွေကလည်း သိပ်များခဲ့တယ်။ ဒီလိုနဲ့ အချစ်ရဲ့ ဆုတ်ကပ်ခေတ်ကြီးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဒါကိုကျော်လွှားဖို့ ချစ်သူတွေကြား ပိုရင်းနှီးကျွမ်းဝင်လာစေဖို့ လေ့ကျင့်ခန်းသဘောဆန်ဆန်တွေ လုပ်ပေးတဲ့ အချစ်စာမေးပွဲဖြေဖို့ ကျူရှင်တက်ရသလို အချစ်ကျူရှင်သဘောမျိုးတွေလည်း ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ်ရော အဓိပ္ပာယ်ရှိရဲ့လား…။ အချစ်တွေကို ဒီလိုကန့်သတ်လို့ရနိုင်ရဲ့လား…။ ဒီရုပ်ရှင်မှာ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဓာတ်ခွဲကြည့်လိုက်ကြပေါ့။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.7GB, 700MB
Quality – 1080p, 720p
IMDb Rating – 5.9/10
Format – mp4
Duration – 1H 53Min
Genre – Drama, Romance, Sci-Fi
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Christos Nikou
Stars
Albert Chung, Amanda Arcuri, Annie Murphy, Ashleigh Rains, Christian Meer, Clare McConnell, Heather Dicke, Iain Reid, Jeremy Allen White, Jessie Buckley, Jim Armstrong, Jim Watson, Juno Rinaldi, Katy Breier, Luke Wilson, Mish Tam, Nina Kiri, Riz Ahmed, Sienna Singh, Tameka Griffiths, Tanchay Redvers, Varun Saranga
Release Date
2023
Rated
R
Runtime
1h 53m
Awards
4 nominations
Country
United States, United Kingdom
Popularity
71.524
Status
Released
ID IMDb.com
tt13968674
IMDB Rating
5.9
IMDB votes
3700
ID Themoviedb.org
790459
TMDb Rating
6.037
TMDb votes
54