Channel Myanmar

Fireheart (2022)

1h 32min AdventureAnimationComedy

6.3
IMDB: 6.3/10 182 votes

650683

Report error

Fireheart (2022)ဇာတ်လမ်းအညွှန်း

IMDb 6.6/10
*********************************

“မိန်းက​လေးဆိုတာ မီးသတ်သမားလုပ်လို့ မရဘူး​လေ”
“အဲ့ဒါက စည်းမျဥ်းနဲ့ မညီဘူး”

အဲ့စကား​လေး​တွေက အ​ဖေတစ်​ယောက်က မီးသတ်သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ​ပြောလိုက်တဲ့ စကားပါ။
​ဘယ်လိုပဲ ကျားမတန်းတူအခွင့်အ​ရေးလို့ ​ပြော​နေကြပါ​စေ
လူ​တွေရဲ့ စိတ်ထဲမှာ အမျိုးသမီး​တွေဆိုရင် အားနည်းတယ်လို့ ​မြင်​နေကြသလို
အလုပ်ခွင်မှာလည်း တန်းတူအခွင့်အ​ရေး ရတာနည်းပါတယ်။

ဒီ ကာတွန်းကား​လေးက​တော့ မိန်းက​လေး​တွေလည်း
မီးသတ်သမားလို သက်စွန့်စံဖျား အလုပ်​တွေမှာ ရဲဝံ့စွာ လုပ်နိုင်​ကြောင်း မီး​မောင်းထိုး ရိုက်ကူးပြထားပါတယ်။

ဇာတ်လမ်းအကျဥ်း​လေးက​တော့
ဖခင်ဖြစ်သူ မီးသတ်သမား​ဟောင်းကို အားကျတဲ့ သမီး​လေးက
ငယ်ငယ်ကတည်းက ဖခင်လို မီးသတ်သမားကြီးလုပ်ပြီး လူ​တွေရဲ့ အသက်ကို ကယ်တင်ချင်သူပါ။
ဒါ​ပေမယ့် မိန်းက​လေးဖြစ်​နေခဲ့​တော့ သူ့အိပ်မက်​တွေကို ​ဘေးချိတ်ထားခဲ့ရပါတယ်။
ဒါ​ပေမယ့် တစ်ရက်မှာ​တော့ မြို့​တော်မှာ ထူးဆန်းတဲ့ မီး​လောင်မှု​တွေ​ ဆက်တိုက်ဖြစ်လာပြီး
မီးသတ်သမား​​တွေ တစ်​ယောက်ပြီးတစ်​ယောက် ​​​ပျောက်ခြင်းမလှ ပျောက်ဆုံးကုန်တဲ့အခါ……

မင်းသမီးနဲ့ သူ့အ​ဖေတို့ ဘာ​တွေဆက်ဖြစ်ကြမလဲ…..

အိပ်မက်​တွေက တကယ်ပဲခက်ခဲသလား….
အိပ်မက်​တွေ အ​ကောင်အထည်​​ပေါ်လာနိုင်မလား…..ဆိုတာ
ဇာတ်ကား​လေးမှာပဲ ဆက်လက် ကြည့်ရှုအား​ပေးလိုက်ရ​အောင်…….။

၁၉၈၂ ခုနှစ်မှာမှ နယူးယောက်မြို့ရဲ့ ပထမဆုံးအမျိုးသမီး မီးသတ်သမားရှိလာတဲ့ အကြောင်းကို
ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဆိုလည်း မမှားပါဘူး။

က​လေး​တွေပဲဖြစ်ဖြစ် မိဘ​တွေပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ ပညာ​ပေးကာတွန်းကား​လေးဖြစ်လို့
လက်လွတ်မခံဘဲ အား​ပေးကြပါဦးလို့ တိုက်တွန်းပါရ​စေ။

ဇာတ်လမ်းအညွှန်းကို Richard Wai က​ရေး​ပေးထားပြီး

ဘာသာပြန်​ပေးထားတာက​တော့ Richard Wai, Thuu Thuu, Milkeux, Khaing Khin တို့ပဲ ဖြစ်ပါတယ်။

Genre…..Adventure, Animation, Comedy
Quality….WEB-DL 1080p and 720p
File size…1.6GB, 806MB and 276MB
Format…mp4
Duration….1h 32min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Richard Wai, Thuu Thuu, Milkeux, Khaing Khin
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Fireheart (2022)


No downloads available

Genres



Related movies