Exit print mode Print Data A+ A- Undo all

Fools Rush In (1997)

What if finding the love of your life meant changing the life that you loved?
Fools Rush In (1997)Fools Rush In (1997)

Synopsis:

Fools Rush In (1997)

ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။

အို… အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။

အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။

ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။

မင်းသားကြီးကတော့ Matthew Perry ပါ။ သူ့ရဲ့ ငယ်ရွယ်စဉ် ခံ့ညားတင့်တယ်မှုကို မြင်တွေ့ရဖို့ရှိပါတယ်။ မင်းသမီးကြီးကတော့ မသိသူ မရှိလောက်တဲ့ Salma Hayek ဖြစ်ပြီး သူ့ကို လောလောလတ်လတ် Puss in Boots 2 မှာ Kitty Softpaws အဖြစ် တွေ့မြင်ခဲ့ရမှာပါနော်။ သူတို့နှစ်ဦး ခေါင်းဆောင်တဲ့ ဒီအချစ်ကားလေးကို နွေလေရူးနဲ့အတူ ဆွေးဆွေးမြေ့မြေ့ ရှုစားလိုက်ကြပါဦးလို့။

(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.7GB, 780MB
Quality – 1080p, 720p
IMDb Rating – 6.1/10
Format – mp4
Duration – 1H 49Min
Genre – Comedy, Drama, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Arr Khun Winchester
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Andy Tennant
Stars
Andrew Hill Newman, Angel Valdez, Angela Lanza, Angelina Torres, Anne Betancourt, Annie Combs, Beth Broderick, Carlos Gómez, César Santana, Chris Bauer, Chris O'Neill, Christopher Michael, Cydney Arther, Debby Shively, Douglas Weston, Eddie Powers, Garret Davis, Irene Hernández, Jan Austell, Jay So, Jill Clayburgh, John Bennett Perry, John Tripp, Jon Tenney, Josh Cruze, Juel Mendel, Leslie Silva, María Cellario, Mark Adair-Rios, Mark Heenehan, Maryann Plunkett, Matthew Perry, Randy Sutton, Robert Arevalo, Roger Anthony, Rupert Baca, Salma Hayek, Salvador Saldaña, Shelley Morrison, Siobhan Fallon Hogan, Stanley DeSantis, Suzanne Snyder, Tomás Milián
Release Date
1997
Rated
PG-13
Runtime
1h 49m
Awards
3 nominations
Country
United States
Budget
USD $20 000 000,00
Revenue
USD $42 000 000,00
Popularity
11.671
Status
Released
ID IMDb.com
tt0119141
IMDB Rating
6.1
IMDB votes
37000
ID Themoviedb.org
1968
TMDb Rating
6.4
TMDb votes
448