2018 ခုနှစ်တဲ့ တရုတ်ဇာတ်ကားတွေထဲမှာ Recommend ဖြစ်ခဲ့တဲ့
ထိပ်တန်း ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ်
Forever Young ဇာတ်ကားဟာ Imdb 6.5/10 ရထားပြီး
China မှာ US $ 118 milion Box Office ၀င်ငွေရရှိခဲ့ပါတယ်
ဒီဇာတ်ကားဟာ ပထမ ကမ္ဘာစစ်ဖြစ်ချိန် 1920 ကနေ 1940 ထိ
1960 ကနေ ယခုခေတ်အချိန်ထိ ဖြစ်ရပ်တွေကို မျိုးဆက်လေးခုစာ
ရင်ဆိုင်ကြုံတွေ့ရပုံတွေကိုဖေါ်ပြထားခြင်းပဲဖြစ်ပါတယ်
မျိုးဆက်တစ်ခုစီတိုင်းက သူတို့နဲ့ပတ်သတ်တဲ့စိန်ခေါ်မှုတွေကို
ဘယ်လိုဖြေရှင်းကြမလဲ..အတိတ်ကဖြစ်ရပ်တွေကိုအနာဂတ်ကလူတွေ
မပြောင်းလဲနိုင်ပေမယ့် အတိတ်ကလုပ်ဆောင်ချက်တွေက
အနာဂတ်အပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲ
ကြည့်ပြီးရင်တော့ တွေးစရာလေးတွေ ရင်ထဲမှာ တခုခုကျန်ခဲ့မှာ
အသေအချာပါပဲ…ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ Message
လေးကလည်းရှိနေပြန်ပါတယ်..ကိုယ့်ရဲ့အမှန်တကယ်ဆောင်ရွက်
ချင်တဲ့အရာ..အမှန်တကယ်လိုချင်မယ့်အရာ..ဖြစ်ချင်တဲ့အရာ
တန်ဖိုးထားရမယ့်အရာတွေကို သေချာစဉ်းစားမိလာမယ်လို့
ကျွန်တော့်အနေနဲ့ခံစားမိပါတယ်
Review & Translated By Phyo Zaw
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။