Fortune Salon ( 2009 )
ထယ်ရန်းဆိုတဲ့နတ်ဆရာမလေးဟာ နတ်ဆရာမျိုးရိုးထဲမှာမှ လှပထက်မြက်တဲ့ နတ်ဆရာမလေးတစ်ဦးဖြစ်ပါတယ်
သူနဲ့သူ့သူငယ်ချင်းတစ်စုဟာ ချောင်ဒမ်မြို့မှာ ရှေ့ဖြစ်ဟောဆလွန်းဆိုတဲ့ဆိုင်တစ်ဆိုင်ဖွင့်ထားကြပါတယ်
နတ်ဆရာမလေးထယ်ရန်းက ထက်မြက်တာကြောင့်
ထိုသူတို့ရဲ့အချစ်ရေးအချစ်ရာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပေးလေ့ရှိပါတယ်
ဒါပေမဲ့နတ်ဆရာထယ်ရန်းရဲ့ဘဝဟာလည်းနတ်ဆရာဖြစ်နေတာတောင် ကံကောင်းခြင်းတွေရဲ့ဖယ်ကြဉ်ခြင်းကိုခံပြီးရင်ခံနေခဲ့ရတာပါ
သူမငယ်စဉ်ကသူမအမေဖြစ်သူဟောကြားပေးခဲ့တဲ့ကံကြမ္မာဟောစာတမ်းတစ်ခုရှိပါတယ်
အဲ့ဒီဟောစာတမ်းအရ ထယ်ရန်းဟာကံကြမ္မာကသတ်မှတ်ပေးထားတဲ့ဖူးစာဖက်ဖြစ်သူနဲ့ အသက် ၂၈ နှစ်မပြည့်ခင်မှာတွေ့ကိုတွေ့မှဖြစ်မှာပဲဖြစ်ပါတယ်
မတွေ့ရင် ထယ်ရန်းလည်းသေမှာဖြစ်သလို ဖူးစာဖက်ဆိုသူလည်းမရှင်နိုင်ပါဘူးတဲ့
ထယ်ရန်းဟာသူ့ရဲ့ဖူးစာဖက်ကလွှဲလို့ တခြားယောက်ျားသားတွေနဲ့တွဲခဲ့ရင် အဲ့ဒီယောက်ျားတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ဥပဒ်ဖြစ်စေပါတယ်
ဒါကတော့ကျိန်စာသဘောမျိုးဖြစ်နေတာပါ
တစ်နေ့မှာတော့ ထယ်ရန်းဟာ သူ့ရဲ့အချစ်ဦးဖြစ်သူ ဂန်ဟိုဂျွန်းဆိုသူနှင့်သူမဘဝရဲ့ဖူးစာဖက်ဖြစ်သူတို့ကိုတစ်ရက်တည်းမှာတွေ့လိုက်ရပါတယ်
ဒီအခြေအနေမှာ ထယ်ရန်းကဘယ်သူကိုရွေးချယ်မလဲ အချစ်လား???
ဒါမှမဟုတ် ကံကြမ္မာကချမှတ်ထားတဲ့စည်းမျဉ်းကိုလား???
သူမဘာကိုရွေးချယ်သွားမလဲဆိုတာကို ဤဇာတ်ကားမှာစိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့ Ryuu ပဲ ဖြစ်ပါတယ်။
Genre….. Comedy, Romance
Quality…. 1080p | 720p | 480p
File size…1.8GB | 901MB | 330MB
Format… mp4
Duration…. 1h 59min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Ryuu
Encoder ….. August
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။