Exit print mode Print Data A+ A- Undo all

Frankenweenie (2012)

The electrifying dog is back from beyond the grave
Frankenweenie (2012)Frankenweenie (2012)

Synopsis:

Frankenweenie (2012)

~ IMDb – 6.9/10, Rotten Tomatoes – 87% ~

ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။

ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ခွေးလေးကို အခြေတည်ပြီး သရုပ်ဖော်ထားတဲ့ ခွေးကလေးဖြစ်ပါတယ်။ ဘာတန်အရသာအပြည့်နဲ့ တင်ဘာတန်ကားမို့ ဘာတန် ပရိသတ်တွေ သဘောကျကြမှာပါ။

နောက် ဒီကားဟာ 1984 မှာ ပွဲဦးထွက်အနေနဲ့ ဖရန်ကင်ဝီနီဆိုပြီး ရိုက်ခဲ့တဲ့ လူကားရဲ့ အန်နီမိတ်ဗားရှင်းလည်း ဟုတ်ပါတယ်။ ဘာတန်ဟာ လက်ရှိအထိ ကား၂၀ ရိုက်ခဲ့ပြီး ၂၀၁၉ ရဲ့ ဒမ်ဘိုကလွဲ ကျန်တဲ့ကားတွေအကုန် ရှယ်တွေပဲလို့ ပြောလို့ရပါတယ်။ Edward Scissorhands, Big Fish, Charlie and the Chocolate Factory, Corpse Bride တို့ကတော့ သူ့ရဲ့ လူသိအများဆုံးကားတွေဖြစ်ပါလိမ့်မယ်။ ဖရန်ကင်စတိန်းကိုမှ Pet Semetary ပေါင်းပြီး ဘာတန်စတိုင်အပြည့်နှောရိုက်ထားတဲ့ကားဖြစ်သလို ခွေးချစ်တဲ့သူတွေအတွက်လည်း ရင်ထဲ တော်တော်ထိမယ့်ကားပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2GB, 1.1GB, 630MB
Quality – 1080p, 720p, 480p
IMDb Rating – 6.9/10
Format – mp4
Duration – 1H 27Min
Genre – Animation, Comedy, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Tim Burton
Stars
Atticus Shaffer, Catherine O'Hara, Charlie Tahan, Christopher Lee, Conchata Ferrell, Dee Bradley Baker, Frank Welker, James Hiroyuki Liao, Jeff Bennett, Martin Landau, Martin Short, Robert Capron, Tom Kenny, Winona Ryder
Release Date
2012
Rated
PG
Runtime
1h 27m
Awards
Nominated for 1 Oscar, 11 wins & 50 nominations total
Country
United States
Budget
USD $39 000 000,00
Revenue
USD $81 493 846,00
Popularity
71.626
Status
Released
ID IMDb.com
tt1142977
IMDB Rating
6.9
IMDB votes
108000
ID Themoviedb.org
62214
TMDb Rating
6.932
TMDb votes
2788