Channel Myanmar

From Beijing with Love (1994)

ActionAsianComedyDramaStephen ChowThriller

7.2
IMDB: 7.2/10 votes

1455003

Report error

From Beijing with Love (1994)

IMDb Rating (7.2)

ကျွန်တော့်အကြိုက်ဆုံးတွေထဲက တစ်ခုဖြစ်တဲ့ မင်းသားကြီးစတီဖင်ချောင်ရဲ့
Action, Comedy, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…..
စတီဖင်ချောင်ဟာ အမူအကျင့် စတိုင် အတွေးအခေါ် အရာမှာ ဂျိမ်းစ်ဘွန်းနဲ့ နင်လား ငါလား ခွဲခြားမရနိုင်အောင်တူတယ်လို့
ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပေမယ့် အထက်ဌာနကတော့ သူ့ကို IQ မမှီတဲ့ အေးဂျင့်တစ်ယောက်အဖြစ် သတ်မှတ်ပြီး ဖိုင်ပိတ်ချိတ်ပိတ်ထားခဲ့တာ ကြာလှပါပြီ။
တစ်နေ့မှာတော့ တရုတ်ပြည်ရဲ့ နံပါတ်တစ်ရတနာဟာ လွန်စွာထူးဆန်းလှတဲ့ လူတစ်စုကြောင့်
လုယက်ခံလိုက်ရပါတယ်။အဲ့ဒီကိစ္စမှာ စတေးဖို့လူလိုနေတာနဲ့ IQ မမှီဘူးလို့သူတို့သတ်မှတ်ထားတဲ့
စတီဖင်ချောင်ကို ထိုးထည့်ဖို့ကြံစည်ကြပါတယ်။
စတီဖင်ချောင်ကလဲ ဂျိမ်းစ်ဘွန်းလို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားသူဖြစ်ရာ သေပင်သေသေ
ဒီကိစ္စအရှုပ်ထဲကို အလွယ်တကူလက်ခံဝင်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်ရဲ့ နံပါတ်တစ်ရတနာကို ပြန်ရဖို့အတွက်
စတီဖင်ချောင်တစ်ယောက် အခက်အခဲ..အကြပ်အတည်း ..ထောင်ချောက်တွေထဲမှာ
သူ့ရဲ့အစွမ်းကို ဘယ်လိုထုတ်သုံးမလဲဆိုတာ………။
ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကို ဟာသသဘောမျိုးတင်ဆက်ထားရာမှာ အတော်ပဲထိရောက်ပြီး
ကြည့်နေတဲ့တစ်ချိန်လုံး သဘောကျ နှစ်ခြိုက်မိတဲ့ဇာတ်ကားပါ။

+++++++++++++++++

ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့

တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။

တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။

စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါ

သူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…

ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…

စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရော

သာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။

ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။

စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…

စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…

ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…

ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။

ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။

ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။

ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ချိတ်ဆက်ပြထားတဲ့ စတီဖင်ချောင်ရဲ့ ဇာတ်ကား‌တွေ

တစ်ဝကြီးထိုင်ကြည့်ရင်း ဘဝဆိုတာကြီးကို ကျွန်တော်တို့ ဟားတိုက်နေကြရအောင်ဗျာ။

 

File size…(1.6 GB) and (999 MB)
Quality….Blu-ray Rip 1080p 5.1CH and 720p
Format…mkv
Duration….01:23:38
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by Chuck Chuck

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies