Channel Myanmar

From Me to You (or) Kimi ni Todoke (2010)

DramaRomance

6.9
IMDB: 6.9/10 2800 votes

68497

Report error

From Me to You (or) Kimi ni Todoke (2010)
===============================
IMDb Rating – 6.9/10

Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ
၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း
လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako
Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ
ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉
၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား ‘Ring’ ထဲက သရဲမ
“Sadako” နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော်
တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။

အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို
ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး
ကောင်လေးတစ်ယောက် Shota Kazehay‌a (Haruma
Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ
ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehay‌a ကြောင့်
Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့်
တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ်
ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီ
ခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင်
ကြမလားအဆင့် တက်သွားကြမလား ဆိုတာ…ကြည့်ရှု
ရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက်
တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Naoto
Kumazawa ရဲ့ masterpiece လေး… ဇာတ်အိမ်ခိုင်တဲ့
ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက်
ပါတယ်။

ကား‌ဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ original
anime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ်
လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်း
အပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Khaing Khin ဖြစ်ပါတယ်)

File Size……….(2.32 GB) / (905 MB) / (532 MB)
Quality…………WEB-DL 1080p / 720p / 480p
Duration………2Hr 08Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama, Romance
Translator…….Khaing Khin
Encoder……….Zin Phyo Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

From Me to You (or) Kimi ni Todoke (2010)
From Me to You (or) Kimi ni Todoke (2010)


No downloads available

Genres



Related movies