Exit print mode Print Data A+ A- Undo all

Front of the Class (2008)

24 schools turned him down, 1 gave him a chance… The unforgettable story of a teacher determined to make a difference.
Front of the Class (2008)Front of the Class (2008)

Synopsis:

Front of the Class (2008)

“Hichki” ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။
အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်က
လူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။

အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။
သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာ
မိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။

ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။
အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။
ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။

ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊
သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။

သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။
သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ဇာတ်ကွက်လေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။

မူရင်းစာရေးဆရာ ဘရက်ဒ် ကိုဟန် ရေးခဲ့တဲ့ Front of the Class နာမည်ကိုပဲ တိုက်ရိုက်ပြန်ယူပြီး ဇာတ်ကောင်နာမည်ကလည်း ဘရက်ဒ် ကိုဟန် ပါပဲ။
“ကျွန်တော်မတွေ့ခဲ့ဖူးတဲ့ဆရာတစ်ယောက် ကျွန်တော်ဖြစ်ရမယ်” ဆိုတဲ့စာသားကို ကျွန်တော် သိပ်သဘောကျတာပေါ့။
ဒီဇာတ်ကားက Rating 8.1 ကို ထိုက်ထိုက်တန်တန်ရထားတယ်လို့ ဆိုချင်ပါတယ်။
မင်းသားကြီး James Wolk ရဲ့ လက်ဖျားခါလောက်စရာ သရုပ်ဆောင်ချက်က ဒီဇာတ်ကားကို အဓိက သယ်သွားတာပါ။

သူ့ရဲ့အကြောဆွဲရောဂါကို သူကနာမည်ပေးထားတယ်။ “ထာဝရအဖော်မွန်”တဲ့။
ခြောက်ပေလေးပေ မြေကြီးထဲရောက်တဲ့အထိ အပါခေါ်သွားရမယ့် ရောဂါပေါ့။
ဒီရောဂါက သူ့ကို အနိုင်မယူစေဖို့အရေး၊ ဒီရောဂါက သူ့အိပ်မက်တွေ မတားဆီးနိုင်စေရေး၊
သူကျော်ဖြတ်ခဲ့ရတဲ့ နာရီ တစ်နာရီချင်းစီကို ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်လိုက်ရအောင်လားဗျာ။

အညျွန်း နဲ့ ဘာသာပြန်ကတော့ Arr Khun Winchester ပဲ ဖြစ်ပါတယ်။

Genre….. Biography, Drama
Quality…. 1080p | 720p | 480p
File size… 2.9GB | 1.1GB | 537MB
Format… mp4
Duration…. 1h 35min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Arr Khun Winchester
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
7 December 2008
Rated
PG
Runtime
1h 35min
Popularity
18.658
Status
Released
ID IMDb.com
tt1292594
IMDB Rating
8.1
IMDB votes
8K
ID Themoviedb.org
63193
TMDb Rating
7.832
TMDb votes
184