Exit print mode Print Data A+ A- Undo all

G.I. Joe: The Rise of Cobra (2009)

When all else fails, they don't.
G.I. Joe: The Rise of Cobra (2009)G.I. Joe: The Rise of Cobra (2009)

Synopsis:

G.I. Joe: The Rise of Cobra (2009)_____IMDb – 5.8/10

၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ
ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။

ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့
ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ နာနိုမိုက် ဒုံးကျည်ကို ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်ရင် နာနိုမိုက်တွေဟာ အကန့်အသတ်မရှိ သတ္တုတွေစားပစ်တတ်တယ် ။ မလိုလားတဲ့ ဖျက်ဆီးမှုတွေ မဖြစ်စေချင်ရင်တော့ ပိတ်တဲ့ခလုတ်ကို နှိပ်မှ ရပ်တန့်သွားတတ်တယ် ။

နာနိုမိုက် ဒုံးကျည် နမူနာ ၄ ခုလုပ်ထားတယ် ။
ဒုံးကျည်တစ်ခုမှာ နာနိုမိုက် အကောင် ၇ သန်းအထိပါတယ် ။ မက်ကောလင်း မိသားစုရဲ့ မားစ် လုပ်ငန်းစုဟာ နေတိုးအကူအညီနဲ့ လက်နက်ကို တီထွင်ပြီး မက်ကောလင်းမိသားစုရဲ့ ဩဇာအာဏာကို တည်ထောင်လိုကြတယ် ။ မက်ကောလင်းဟာ အဲဒိ နာနိုမိုက် ဒုံးကျည် ၄ လုံးနဲ့ ကမ္ဘာကို ခြိမ်းခြောက်ပြီး လူတွေရဲ့ ရင်ထဲကို အကြောက်တရား ထည့်ပေးချင်တယ် ။ ပထမဆုံး နာနိုမိုက် ဒုံးကျည်ကို ပြင်သစ်ရှိ အီဖယ်မျှော်စင်ကို ပစ်ခတ်ပြပြီး မိသားစုရန်ကြွေးကို ဆပ်ပြလိုက်ပါတော့တယ် ။

ဒီနေရာမှာ တားဆီးပေးမယ့် အဖွဲ့ကတော့ ကမ္ဘာပေါ်က အကောင်းဆုံးစစ်တပ်တွေက အတော်ဆုံးစစ်သား စစ်သမီးတွေနဲ့ ခေတ်မှီလက်နက်တွေ တပ်ဆင်အသုံးပြုနေတဲ့ G.I Joe အဖွဲ့ပဲဖြစ်ပြီး သူတို့ကရော ဘယ်လိုတားဆီးကြမလဲဆိုတာ…

ကြမ်းကြမ်းတမ်းတမ်းရိုက်ချက်တွေနဲ့ မှန်သားပြင်မှာ ကြည့်ရှူခံစားကြပါဦး………။

(ဇာတ်လမ်းအညွှန်းကိုတော့ ကိုဝေလင်းကျော်မှရေးသားပေးထားတာပါ)

 

File size…(2.4 GB) / (2.4 GB) / (1.2 GB)
Quality…BluRay HEVC 1080p / H.264 1080p / 720p
Format…mp4
Duration….01:59:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
G.I. Joe: The Rise of Cobra
Director
Jakub Dvorak, Stephen Sommers
Stars
Adewale Akinnuoye-Agbaje, Channing Tatum, Christopher Eccleston, Dennis Quaid, Joseph Gordon-Levitt, Lee Byung-hun, Marlon Wayans, Rachel Nichols, Saïd Taghmaoui, Sienna Miller
Release Date
7 August 2009 (USA)
Rated
PG-13
Runtime
1h 58min
Awards
3 wins 16 nominations
Country
USA | Czech Republic
Budget
USD $175 000 000,00
Revenue
USD $302 469 017,00
Popularity
42.34
Status
Released
ID IMDb.com
tt1046173
IMDB Rating
5.8
IMDB votes
196,440
ID Themoviedb.org
14869
TMDb Rating
5.7
TMDb votes
3649