Exit print mode Print Data A+ A- Undo all

Gangster’s Paradise: Jerusalema (2008)

Welcome to the promised land.
Gangster’s Paradise: Jerusalema (2008)Gangster’s Paradise: Jerusalema (2008)

Synopsis:

 

 

ဒီ​ဇာတ်ကားက ၂၀၀၈ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ တောင်​အာဖရိက​ရုပ်ရှင်​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အမျိုးအစားက​ မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး​ တောင်​အာဖရိက​နိုင်​ငံ​ ဂျို​ဟန်​နက်​စ​ဘတ်​မြို့​မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်​ကို​ ဘာလင်​ရုပ်ရှင်​ပွဲတော်မှာ စတင်​ပြသခဲ့ပြီး ဝေဖန်​သူတွေနဲ့ပရိသတ်တွေ အကြိုက်​တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲ​သား​တစ်ဦး​ဖြစ်ပါတယ်။ တက္ကသိုလ်​တက်​ဖို့ကျောင်းစရိတ်မရှိတာကြောင့်​ သူငယ်ချင်း​ဖြစ်​သူ​ ဇိတ်​ နဲ့အတူ ဒုစရိုက်​နယ်​ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံ​ပြီး​ ရာ​ဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျို​ဟန်​နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့​မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်​ကျော်​ဂိုဏ်း​ခေါင်း​ဆောင်တစ်ဦး ဖြစ်​လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်း​အစမှာ လပ်ကီး​ကူနီးနီ​က​ ပစ်ခတ်​မှုတစ်ခုမှာ​ ဒဏ်ရာရ​ပြီးလဲနေချိန်​ ရဲတွေ​ဖမ်းဆီး​သွားတဲ့အခန်းက​ အစပြု​ထားပါတယ်။ အဲဒီ​နောက်​မှာ​ သတင်း​ထောက်​ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး​ တင်ဆက်​ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာ​ထူးချွန်​ပေမဲ့​ ဆင်းရဲ​မွဲတေမှုကြောင့် ဒုစရိုက်​လောကထဲရောက်ခဲ့တဲ့ လပ်ကီး​တစ်ယောက်​ အဆုံးသတ်​မှာ​ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို​ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်း​က​ တောင်​အာဖရိက​မှာ​ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့​ ၁၉၉၄ နှောင်း​ပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း​ ပဋိပက္ခ​တွေ၊ လူမျိုး​ရေးခွဲခြားမှုတွေ၊ လက်နက်​ကိုင်​အရေးအခင်းတွေနဲ့အတူ တောင်​အာဖရိက​မြို့ကြီးတွေမှာ​ ဆင်းရဲ​ချမ်းသာကွာဟမှု၊ မူးယစ်​ဆေးနဲ့ ပြည့်တန်ဆာ​လုပ်ငန်းတွေကြီးစိုးနေမှုမြင်ကွင်းတွေကို ဒီရုပ်ရှင်​မှာတွေ့မြင်ရမှာပါ။ အကောင်း​ဆုံး​ရုပ်ရှင်​တွေထဲကတစ်ခုဖြစ်တဲ့ Slumdog Millionaire နဲ့​ theme ချင်း​တူပြီး အဆိုပါ​ရုပ်ရှင်မျိုးကို ကြိုက်​နှစ်သက်သူများအနေနဲ့ ဒီဇာတ်ကားကိုလည်းကြည့်ရှုသင့်ပါတယ်။

 

File size…(2.6 GB)/(1.3 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:53:00
Genre…Drama, Action, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
6.17
Status
Released
ID IMDb.com
tt0783532
IMDB Rating
7.3
ID Themoviedb.org
22600
TMDb Rating
6.85
TMDb votes
50