Exit print mode Print Data A+ A- Undo all

Ghajini (2008)

Remember Dec 25
Ghajini (2008)Ghajini (2008)

Synopsis:

Ghajini (2008)

အခုတစ်ခါမှာတော့ PK မင်းသား 3Idiots မင်းသားလို့လူသိများတဲ့ ဘော်လီဝုဒ်တွမ်ဟန့်ခ်ကြီး
အမီရ်ခန်းရဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။

ဒီကားလေးဟာ IMDb 7.3(66K) အထိရရှိထားတဲ့ အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
ပထမဦးဆုံး ကုဋေတစ်ရာကျော်အမြတ်ရရှိခဲ့တဲ့ ဘော်လီဝုဒ်ကားလေးဆိုရင်လည်းမမှားပါဘူး။
ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ A. R. Murugadoss ဟာ ၂၀၁၄ခုနှစ်မှာ ကျင်းပခဲ့တဲ့
Filmfare Award မှာ Best Director ဆုကိုလည်း ဗီဂျေးရဲ့ Kaththi 2014 ကားနဲ့ ဆွတ်ခူးခဲ့ပါသေးတယ်။

ဒီကားလေးဟာလည်း ဇာတ်ဆောင်မင်းသား မင်းသမီး ဒါရိုက်တာနဲ့ ဇာတ်ပို့တွေအပါအဝင်
ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး ဆုတွေအများကြီးလည်းချိတ်နိုင်ခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားဟာ အကြောင်းတစ်ခုကြောင့် ယာယီမှတ်ဉာဏ်ပျောက်ဆုံးနေခဲ့ပါတယ်။
သူ့မှာ ၁၅မိနစ်စာလောက်ပဲကိစ္စတွေကို မှတ်မိပါတယ်။ အဲ့ဒီ၁၅မိနစ်ပြီးသွားရင်တော့ သူ ဘာကိုမှ မမှတ်မိတော့ပါဘူး။
ဒီလိုမှတ်ဉာဏ်ပျောက်ဆုံးနေတဲ့သူမှာ ကလဲ့စားချေစရာကိစ္စတွေရှိနေခဲ့ပါတယ်။

ဒါကိုတော့ ဘယ်သူမှလည်းမသိသလို ဘာကြောင့်မှန်းလည်း သူကိုယ်တိုင်မမှတ်မိနေခဲ့ပါဘူး။

ဒါကြောင့် သူ့ရဲ့မှတ်ဉာဏ်အတွက် ကိစ္စတိုင်းကို သူဓါတ်ပုံရိုက်ပြီးသိမ်းထားလေ့ရှိသလို
သူ့ကိုယ်ပေါ်က တက်တူးကြောင်းတွေ အမှတ်အသားတွေက လျှို့ဝှက်ချက်မြောက်မြားစွာကို
အဖြေမဖေါ်နိုင်လောက်အောင် ဖြစ်နေခဲ့ပါပြီ။

သို့ပေတည်း သူဟာလက်စားချေဖို့ထွက်လာခဲ့ပါပြီ။
၁၅မိနစ်တာမှတ်မိနေတတ်တဲ့ သူ့မှတ်ဉာဏ်တွေနဲ့
ဘယ်လိုတွေစိတ်ဝင်စားစရာကောင်းမလဲဆိုတာကိုတော့
ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါဦးနော်…။

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File size…4.66GB / 1.6GB
Quality…Blu Ray 1080p /720p
Format…mp4
Duration…3h 3mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Thaik San ~ Taylor



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
A.R. Murugadoss
Stars
Aamir Khan, Asin Thottumkal, Jiah Khan, Khalid Siddiqui, Pradeep Ram Singh Rawat, Rajendran, Riyaz Khan, Sai Tamhankar, Sunil Grover, Tinnu Anand
Budget
USD $9 100 000,00
Revenue
USD $76 000 000,00
Popularity
7.118
Status
Released
ID IMDb.com
tt1166100
IMDB Rating
7.3
ID Themoviedb.org
14070
TMDb Rating
7
TMDb votes
189