Exit print mode Print Data A+ A- Undo all

Ghost Rider (2007)

Hell is about to be unleashed.
Ghost Rider (2007)Ghost Rider (2007)

Synopsis:

Ghost Rider :Extended 2007

Ghost Rider ဆိုတာနဲ့ အရိုးခေါင်းကြီးမှာ မီးတွေတောက်နေပြီး ဆိုင်ကယ်ကြီးနဲ့ အထာကျကျဖြဲတတ်တဲ့ Marvel ဇာတ်ကောင်ကြီးကို တန်းမြင်ကြမယ်ထင်ပါတယ်။

Marvel မှာ Ghost Rider တွေ အများကြီးရှိပါတယ်။ဒါပေမယ့် အဲ့ဒီအထဲမှာ အထင်ရှားဆုံးကတော့Johnny Blaze ပါ။2007 မှာ မင်းသားကြီး Nicolas Cage နဲ့ LA ရိုက်လိုက်တဲ့နောက်ပိုင်း superhero fan မဟုတ်တဲ့သူတွေကြားမှာလည်း Ghost Rider Character ဟာ ပိုပြီးထင်ရှားပါတယ်။(Nicolas Cage ကို ခုနောက်ပိုင်းလူငယ်တွေ သိပ်မသိနိုင်တော့ပေမယ့်။သူ့ခေတ်သူ့အခါတုန်းကတော့ သူမှသူဆိုပြီး ဖြစ်ခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။Leaving Las Vegas နဲ့ အော်စကာဆုကို ရရှိခဲ့ပြီးNational Treasure, Con Air ,Face/Off စတဲ့ သူ့ရဲ့ဇာတ်ကားတွေဟာ Skynet ခေတ်မှာကျွန်တော်တို့ အရူးအမူးထိုင်စောင့်ကြည့်ခဲ့ရတဲ့ ကားတွေပေါ့ဗျာ။အခုထွက်မယ့် Renfield မှာလည်းDracula အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။)

MCU မှာ multiverse ဘာညာနဲ့ characterတွေ ပြန်ပေါင်းနေပြီဆိုတော့ Ghost Rider ပါလာနိုင်တယ်ဆိုတဲ့ သတင်းတွေဟိုတစ်ဒီတစ်စ ကြားလာရပါတယ်။ဆိုတော့ အရင် Ghost Rider ကားလေးကို ပြန်နွှေးနိုင်ဖို့ သေချာပြင်ဆင်ပြီး ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Ghost Rider:Extended ဟာ Ghost Rider (Johnny Blaze) ရဲ့ origin story လို့ပြောလို့ရပါတယ်။ဒီဇာတ်ကားမှာတော့ သေခါနီးအဖေရဲ့ကင်ဆာကိုကုပေးဖို့အတွက် သူ့ဝိညာဉ်ကို နတ်ဆိုးဆီမှာရောင်းပြီးGhost Rider ဖြစ်လာတဲ့ Johnny Blaze ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နတ်ဆိုးဟာ စာချုပ်အတိုင်းသူ့အဖေရဲ့ ကင်ဆာကို ကုပေးခဲ့ပေမယ့်လည်း Johnnyကို နှောင်ကြိုးတွေမရှိစေချင်တာကြောင့်ချက်ချင်းပဲ ပြန်သတ်ပစ်ခဲ့ပါတယ်။ပြီးတော့ လိုအပ်တဲ့အခါပြန်လာရှာမယ်လို့ပြောပြီး ပျောက်ကွယ်သွားပါတယ်။Johnnyဟာလည်း သူ့အဖေသူ့ကြောင့်အချိန်မတိုင်ခင်သေရတာဆိုတဲ့နောင်တကြီးနဲ့ သူ့ဘဝကိုရှင်သန်ပြီး သေမှသေတော့ဆိုတဲ့စိတ်မျိုးနဲ့ အန္တရာယ်များတဲ့စတန့်ကွက်တွေ လုပ်ရင်းနာမည်ကြီးလာပါတယ်။ဒီလိုနဲ့ အရာအားလုံးပြန်အဆင်ပြေနေပြီဆိုတဲ့ တစ်နေ့မှာတော့ နတ်ဆိုးဟာ သူ့ဆီကို ပြန်ရောက်လာပါတော့တယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ပြီးသူတွေ သိပါလိမ့်မယ်။မကြည့်ရသေးဘူးဆိုလဲ အခုကြည့်ကြပါ(ဟဲ ဟဲ)

MCUမှာပါလာခဲ့သည်ရှိသော်ဆိုပြီး နွှေးပြီးသားလည်းဖြစ်၊ ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးတဲ့ကားလည်း ဖြစ်တာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
အဲ့တော့ကြည့်ကြပါဗျာ။

ဒီဇာတ်ကားရဲ့အဆက် Ghost Rider: Spirit of Vengeance (2011) ကို ဒီမှာ https://channelmyanmar.org/ghost-rider-spirit-of-vengeance-2011/ ကြည့်ပါ။

File size…(2.2 GB)/(1.2 GB)
Quality….BluRay(Extended Version)1080p HEVC/720p
Format…mkv/mp4
Duration….02:03:25
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Damien



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $110 000 000,00
Revenue
USD $228 738 393,00
Popularity
64.027
Status
Released
ID IMDb.com
tt0259324
IMDB Rating
5.3
ID Themoviedb.org
1250
TMDb Rating
5.532
TMDb votes
5281