Exit print mode Print Data A+ A- Undo all

Girl in the Box (2016)

Girl in the box
Girl in the Box (2016)Girl in the Box (2016)

Synopsis:

Girl in the Box (2016)

၁၉၇၇ခုနှစ် ​မေလမှာ ကိုလင်းဆိုတဲ့ မိန်းက​လေးတစ်​ယောက်ဟာ
ကယ်လီဖိုးနီးယားက သူငယ်ချင်းတစ်​​​​ယောက်ရဲ့ ​မွေး​နေ့ကိုလာရင်း
ကမ်မရွန်းနဲ့ ဂျန်နစ်ဆိုသူတို့ရဲ့ကားကို လမ်းကြုံလိုက်စီးခဲ့ပါတယ်။
ဒီလိုလမ်းကြုံစီးခဲ့တာက သူ့ဘဝရဲ့အဆိုးရွားဆုံးဆုံးဖြတ်ချက်မှန်း
ကိုလင်းတစ်​ယောက် ကြိုသိခဲ့လျှင် အ​ခြေအ​နေက တစ်မျိုးတစ်ဖုံ​
ပြောင်းသွားနိုင်​ပေမယ့် သူသိတဲ့အချိန်မှာ အခါ​နှောင်းသွားခဲ့ပါပြီ။
ဒီလိုနဲ့ပဲ လူများ​​အော့နှလုံးနာစရာ နှ​မြောတသဖြစ်စရာ ဖြစ်ရပ်မှန်
ကိစ္စဆိုးတစ်ခု ဖြစ်ပွားခဲ့ပါ​​တော့တယ်။

ကင်မရွန်းနဲ့ ဂျန်နစ်က လင်မယား၂​ယောက်ဖြစ်ပြီး လင်ဖြစ်သူက
BDSMစွဲလမ်းသူ Dominaceတစ်​ယောက် ဖြစ်​ပေမယ့် မယားက
submission typeဖြစ်မ​နေတာ​​ကြောင့် လင်မယား၂​ယောက်ဟာ
ကားတစ်စီးနဲ့ပတ်ရင်း လမ်းကြုံလိုက်စီးတဲ့မိန်းမငယ်​​​လေးတွေကို
ပြန်​ပေးဆွဲပြီး လိင်ကျွန်ပြုလုပ်ရင်း လက်လွန်သွားရင် အ​လောင်း
မကျန်​အောင် လက်စ​ဖျောက်တဲ့သူ​တွေပါ။ ကံဆိုးတဲ့ ကိုလင်းဟာ
သူတို့နဲ့ပါ တည့်တည့်တိုးခဲ့ရပါတယ်။

ကိုလင်းဟာ သူတို့၂​ယောက်ရဲ့လိင်ကျွန်အဖြစ် ၇နှစ်နေခဲ့ရသလို
သူတို့လင်မယားရဲ့ က​လေးကိုပါ ထိန်း​ပေးရင်း အိမ်​​ဖော်သာသာ
​နေခဲ့ရပါတယ်။ ညဘက်အိပ်ရင် လင်မယား၂​ယောက်ရဲ့ ကုတင်
​အောက်ထဲမှာ ဖွဲ့ထားတဲ့ လူတစ်ကိုယ်စာ ​သေတ္တာခန်း​လေးထဲမှာ
ဝင်အိပ်ရပြီး စိတ်မထင်သလို ကင်မရွန်းရဲ့ နှိပ်စက်မှုဒဏ်ကိုပါ
ခံခဲ့ရပါတယ်။

ဒီလိုမျိုးဘဝကို ရောက်​နေ​ပေမယ့် ထွက်မ​ပြေးရဲ​အောင် သူမဟာ
လိင်လုပ်သားကုမ္ပဏီရဲ့ တရားဝင်ကျွန်ဖြစ်​ကြောင်း၊ ထွက်​ပြေးရင်
မိသားစုပါအသက်အန္တရာယ်ရှိ​​ကြောင်း လိမ်​ပြောထားတာ​ကြောင့်
ကိုလင်းခမျာ ၇နှစ်တာလုံးလုံး ကြီးစွာ​သောဒုက္ခကို ပြေးမရပြုမရ
ခံစားခဲ့ရပုံကို ဖြစ်ရပ်မှန်အတိုင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
သတိ​ပေးလိုတာက အ​ဖော်အပြကြမ်းတဲ့ ကားမျိုးမဟုတ်​ပေမယ့်
Sensitiveဖြစ်တတ်သူ​တွေအတွက် သင့်​တော်တဲ့ဇာတ်ကား​တော့
မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်မှုခင်း စိတ်ဝင်စားသူ​တွေအတွက်​​တော့
စိတ်ဝင်စားစရာကောင်းသလို သင်ခန်းစာယူလို့လည်းကောင်းမယ့်
ဇာတ်ကားပါ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

Genre….. Crime, Drama
Quality…. 1080p | 720p | 480p
File size… 1.3GB | 566MB | 276MB
Format… mp4
Duration…. 1h 47min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
10 September 2016
Runtime
1h 27min
Budget
USD $20,00
Popularity
8.35
Status
Released
ID IMDb.com
tt5957584
IMDB Rating
6.2
IMDB votes
2.1k
ID Themoviedb.org
413337
TMDb Rating
6.83
TMDb votes
100