Channel Myanmar

[18+] Going Places (1974)

~ IMDb – 7.2/10, Rotten Tomatoes – 73% ~

ဂျင်ကလော့ဒ်နဲ့ ပီရော့တို့နှစ်ယောက်က လူဆိုးတွေပါ၊ ခိုးသင့်တဲ့နေရာဆိုခိုး၊ လုသင့်တဲ့နေရာဆိုလု၊ လိမ်သင့်တဲ့နေရာဆိုလိမ်ပြီး စားဝတ်နေရေးဖြေရှင်းတတ်ကြတဲ့သူတွေဆိုတော့ လူလိမ်လား သူခိုးလား ဓားပြလား ပြောရခက်ပေမယ့် အစုံလုပ်ကြတဲ့နှစ်ယောက်ပါ။

ကျွမ်းကျင်လှတဲ့ပညာရှင်ကြီးတွေမဟုတ်ပေမယ့် အဲ့ဒီအလုပ်ကိုကြုံသလိုလုပ်ပြီး ပြင်သစ်နိုင်ငံအနှံ့ခြေဆန့်နေကြပါတယ်။ ဒီလိုပဲလူငယ်လူရွယ် အပေအတေတွေပီပီ ကြုံရာလူနဲ့လည်း လိင်စခန်းသွားတတ်ကြသေးတော့ ကားခိုးမှုတစ်ခုမှာ မာရီအန်းဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ သူတို့နှစ်ယောက်ကတော့ အခြေချတည်ငြိမ်ဖို့စိတ်ကူးမရှိပဲ မာရီအန်းကိုပါ အပါခေါ်ပြီး ပြင်သစ်အနှံ့ပတ်မွှေဖို့ ခရီးဆက်ကြပါတော့တယ်။

1974 မှာ ထွက်ရှိခဲ့တဲ့ ဒီ Going Places ဇာတ်ကားဟာ Road movie လို့ပြောမထားပေမယ့် Road movie စစ်စစ်ဖြစ်ပြီး၊ ဟာသတွေကလဲ Dark ဖြစ်တဲ့ဘက်ကိုသွားတဲ့အတွက် တစ်ချို့အခြေအနေတွေက ရယ်ရမလိုငိုရမလို ပြုံးတမဲ့မဲ့ဖြစ်နေရမယ့် ဟာသ-ဒရာမာ ကားကောင်းတစ်ကားဖြစ်ပါတယ်။

သတိပေးချင်တာကတော့ ဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့အပြုအမူ၊အပြောအဆို၊ လုပ်ရပ်တွေ၊ ပြကွက်တွေကြောင့် အငြင်းပွားမှုတွေရှိခဲ့တာလဲဖြစ်တဲ့အတွက် ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ၊ Softcore Sex Scenes တွေ ပျစ်ပျစ်နှစ်နှစ် ပါဝင်နေလို့ 18+ Tag ကလေး တပ်လိုက်ရပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.9GB, 910MB
Quality – 1080p, 720p
IMDb Rating – 7.2/10
Format – mp4
Duration – 1H 57Min
Genre – Action, Comedy, Crime
Subtitle – Myanmar Subtitle (Hardsub)
Translated by Alias
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

[18+] Going Places (1974)
[18+] Going Places (1974)
[18+] Going Places (1974)
[18+] Going Places (1974)
[18+] Going Places (1974)
[18+] Going Places (1974)
[18+] Going Places (1974)
[18+] Going Places (1974)


No downloads available

Genres



Related movies