Exit print mode Print Data A+ A- Undo all

Gone With The Wind (1939)

Gone With The Wind (1939)

Synopsis:

ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါ

ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား
” လေရူးသုန်သုန် ” ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ

ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး
မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့
ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး

အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်း

နောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ
အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး
၈ဆု ရခဲ့တဲ့ဇာတ်ကား

ဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ
94% နဲ့ imdb မှာ 8.2ရထားတဲ့ကား

မသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ
ထိပ်ဆုံး list ကနေပါတဲ့ကား

စပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကား

ဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က
၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်

စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း
စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ
ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက်
အရွဲ့တိုက်ချင်တဲ့စိတ်
ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ
နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ
လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . .

အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကို
ပိုင်နိုင်မှုတွေနဲ့
ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ဆုရတဲ့
အကြီးကျယ်ဆုံး ဂန္ဓဝင်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်

“After all, tommorrow is another day! ”
(ဒီဇာတ်ကားကို ဘာသာပြန်သူနဲ့ အညွှန်းရေးပေးသူကတော့ Ye Khant Min ပဲ ဖြစ်ပါတယ်)

—————————————————————–





၈ဆု ရခဲ့တဲ့ဇာတ်ကား






ပိုင်နိုင်မှုတွေနဲ့


File Size         : 1.6GB
Quality           : Blu ray 720P
Running Time : 3hr 53 minute 14 seconds
Format           : Mp4
Genre             : Drama, Romance
Encoder         : seniorkaung91



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
George Cukor, Sam Wood, Victor Fleming
Stars
Clark Gable, Thomas Mitchell, Vivien Leigh
Release Date
17 January 1940 (USA)
Runtime
3h 58min
IMDB Rating
8.1
IMDB votes
278,326