Channel Myanmar

Gonjiam: Haunted Asylum (2018)

Gonjiam: Haunted Asylum    

NOT RATED 95 min AsianHorror

6.2
IMDB: 6.2/10 264 votes

, , , ,

N/A

South Korea

930699

Report error

ဒီတစ်ခါတော့ မြန်မာနိုင်ငံမှာ ဒီနေ ့မှစပြီး ရုံတင်ပြသနေတဲ့ကိုရီးယား Horror ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်

၁၉၇၉ ခုနှစ်မှာ ဂွန်းဂျီယန် စိတ်ကျန်းမာရေးဆေးရုံရဲ ့လူနာပေါင်း၄၂ ယောက်ဟာ မိမိကိုကိုယ်အဆုံးစီရင်ခဲ့ကြပြီး တစ်ချိန်တည်းမှာပဲဆေးရုံရဲ ့အမှုဆောင်ဒါရိိုက်တာဟာလည်း ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာတော့ အဆိုပါဆေးရုံကို ပိတ်သိမ်းခဲ့ပါတယ်

ဒီဖြစ်ရပ်တွေအပြီးမှာတော့ အနီးအနားပတ်ဝန်းကျင်ကလူတွေမှတစ်ဆင့်အဲ့ဒီဆေးရုံမှာ သရဲတစ္ဆေတွေမြင်တွေ ့ရတယ်ဆိုတဲ့ ကောလဟလ ထွက်ပေါ်လာပါတယ်

ကြောက်မက်ဖွယ်ရာနေရာများကို စွန် ့စားသွားလာပြီး မှတ်တမ်းရုပ်ရှင်များရိုက်ကူးတင်ဆက်ပေးတဲ့ အဖွဲ ့အစည်းတစ်ခုဖြစ်တဲ့Horror Times ဆိုတဲ့ အဖွဲ ့မှ လူငယ်တစ်စုဟာ ကမ္ဘာပေါ်ကကြောက်စရာအကောင်းဆုံးနေရာတွေမှာ နံပါတ်ခုနစ်နေရာမှာရှိနေပြီးကိုရီးယားနိုင်ငံရဲ ့ကြောက်စရာအကောင်းဆုံးနေရာတွေထဲမှာတော့နံပါတ်သုံးနေရာမှာတည်ရှိနေတဲ့ အဆိုပါ ဂွန်းဂျီယန် စိတ်ကျန်းမာရေးဆေးရုံကို
စွန် ့စားခန်းတစ်ရပ်ထွက်ပြီး သူတို ့ရဲ ့စွန် ့စားခန်းကို အွန်လိုင်းမှာပါတိုက်ရိုက်လွှင့်တင်ဖို ့ဆုံးဖြတ်ခဲ့ကြပါတယ်

သူတို ့နဲ ့အတူ စွန် ့စားခန်းမှာလိုက်ပါဖို ့အတွက် အခြားလူသစ်တွေကိုလည်း
ဖိတ်ခေါ်ခဲ့ကြပါတယ်

သူတို ့ရဲ ့စွန် ့စားခန်းခရီးစဉ်မှာ ဘယ်လိုအတားအဆီးတွေရှိနေမလဲ

အဲ့ဒီဆေးရုံဟာ ကောလဟလတွေအတိုင်း တကယ်ပဲသရဲခြောက်နေတာလား

ဒါမှမဟုတ် စွန် ့စားခန်းတွေကို အွန်လိုင်းမှာ တိုက်ရိုက်တင်ဆက်နေသူတွေကပဲအခကြေးငွေရဖို ့သက်သက်နဲ ့ ကောလဟလတွေ ပျံ ့နှံ ့အောင်တမင်လုပ်နေတာလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာ စိတ်လှုပ်ရှားစွာ ဆက်လက်စောင့်ကြည့်ကြပါစို ့

ဇာတ်လမ်းလေးက အစပိုင်းမှာ အရမ်းအေးလွန်းတာကြောင့် မကောင်းဘူးလို ့ထင်ရပေမဲ့အဲ့ဒီလိုဆိုပြီး နောက်ပိုင်းကို ဆက်မကြည့်တော့ဘူးဆိုရင်တော့ တကယ်အမှားကြီးမှားသွားပါလိမ့်မယ်

IMDB rating လည်း 6.2 အထိရရှိထားတာကြောင့် Horror ဇာတ်ကားကောင်းတစ်ကောင်းဖြစ်သလို
လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်

File Size : ( 771 MB) and ( 311 MB)
Quality : HDRip 720p
Running Time : 1hr 35min
Format : Mp4
Genre : Horror
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p HDRip H264 AAC-NonDRM
Translated by SCRN
Encoded by Kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Gonjiam: Haunted Asylum (2018)


No downloads available

Genres



Related movies