Channel Myanmar

Goosebumps (2015)

ActionComedyFamily

6.3
IMDB: 6.3/10 votes

714450

Report error

ဒီဇာတ်လမ်းအစမှာတော့ ဇက်ဆိုတဲ့ကောင်လေးဟာ

သူ့အမေနဲ့အတူ မူလနေထိုင်ရာမြို့ပြကြီးကနေ

မက်ဒီဆင် ဒယ်လ၀ဲလ်မြို့ကိုပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်…

ဇက်တစ်ယောက် ခြံထဲမှာ ပစ္စည်းအထုပ်အပိုးတွေကို အိမ်ထဲသို့ပြောင်းရွှေ့နေခိုက်မှာ

တစ်ဖက်ခြံမှ ဟန်နာလို့ခေါ်တဲ့ကောင်မလေးနဲ့ သိကျွမ်းသွားခဲ့ပါတယ်…

ဒါပေမယ့် ဟန်နာ့ရဲ့ထူးဆန်းတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်က

ဇက်ကိုသူတို့ မိသားစုနဲ့မပတ်သတ်ပဲ ခပ်ဝေးဝေးမှာနေဖို့ပြောပါတယ်…

တစ်ညမှာတော့ ဇက်ဟာ ဟန်နာ့ကိုသူ့အဖေက နှိပ်စက်နေတယ်လို့သံသယရှိတာကြောင့်

အကြောင်းစုံသိရအောင်လို့ သူ့ရဲ့မြို့သစ်မှသူငယ်ချင်းဖြစ်သူ

ချန့်နဲ့အတူ ဟန်နာရဲ့အိမ်ထဲသို့ခိုးဝင်လာခဲ့ပါတယ်…

အဲ့မှာမထင်မှတ်ဘဲ စတိုင်းလ်ရဲ့စာအုပ်စင်မှသော့ခတ်ထားတဲ့စာအုပ်တစ်အုပ်ကို

ဖွင့်ကြည့်မိရာ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေ အသက်ဝင်ပြီးထွက်လာပါတော့တယ်…

ဒီလိုနဲ့ ဇက်၊ ဟန်နာ၊ ချန့်နဲ့ ဟန်နာ့ရဲ့အဖေစတိုင်းလ်တို့တတွေ

မကောင်းဆိုးဝါးတွေကိုပြန်လည်ဖမ်းဆီးရမယ့်တာဝန်ရှိလို့လာပါတယ်…

ဘာလို့များ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေထွက်လာရတာလဲ၊

ဟန်နာ့ရဲ့ထူးဆန်းလှတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်ရဲ့သရုပ်မှန်ကရော ဘာများလဲ၊

မကောင်းဆိုးဝါးတွေကသူတို့ကိုဘယ်လိုဒုက္ခပေးမလဲ၊

အဲ့မကောင်းဆိုးဝါးတွေကိုဘယ်လိုပြန်ဖမ်းဆီးမယ်ဆိုတာကို

ဒီ “Goosebumps” ဆိုတဲ့ကားလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်

 

File Size : (893MB) and (298 MB)
Quality : BluRay 720p
Running Time :1hr 43min
Format : Mp4
Genre : Action , Comedy , Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by MiKi
Encoded by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies