Channel Myanmar

Report error

“ကမာလေးတွေက သူတို့ထဲကို သဲလေးတွေဝင်လာရင် နာလို့ မျက်ရည်နဲ့ အုပ်ကြသတဲ့။ ကြာလာတဲ့အခါ နာကျင်တဲ့အရာကနေ လှပတဲ့ ပုလဲလေးအဖြစ် ပြောင်းသွားတယ်။” အင်ဂရစ် အမ်ဘလင်းက သားတစ်ယောက် အစ်ကိုတစ်ယောက်နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ။ သားဖြစ်သူ မိုက်ကယ်မှာ အနာဂတ်အတွက် အစီအစဉ်တွေ အပြည့်ရှိနေပါတယ်။ သို့သော် မမျှော်လင့်တဲ့ ဖြစ်ရပ်ဆိုးကြောင့် မိုက်ကယ်ဟာ ကားတိုက်ခံရတာကနေ တိမ်းပါးသွားရတဲ့။ ဒီအခါမှာ ဆောက်တည်ရာမရတော့တဲ့ မိခင်ဖြစ်သူ အင်ဂရစ်ဟာ ယူကျုံးမရ ဖြစ်ရတာ တစ်ခုတည်းမဟုတ်တော့ဘဲ နှစ်ခုဖြစ်လာတယ်။ ဘာလဲဆိုတော့ သူ့သားကို တိုက်ခဲ့သူက အသက်မပြည့်သေးတဲ့သူ ဖြစ်နေတဲ့အတွက် ပြစ်ဒဏ်ချမှတ်လို့ မရနေတဲ့ ကိစ္စပါပဲ။ သေလောက်အောင် မုန်းတီးပြီး ဘဝကြီးကို စိတ်နာနေတဲ့ အင်ဂရစ်အတွက် သူ့သားကို သတ်ခဲ့သူဟာ သူ့အတွက် ပုလဲလုံးလေး ဘယ်သို့ ဘယ်ပုံ ဖြစ်လာရတယ်ဆိုတာကို ကြည့်ရှူခံစားကြည့်ကြပါဦးနော်။ ဒီဇာတ်ကားမှာ ဘာသာရေးရဲ့ အဆုံးအမတွေ၊ မိခင်တစ်ဦးရဲ့ မေတ္တာတွေ၊ ခွင့်လွှတ်တတ်မှုရဲ့ အကျိုးရလဒ်တွေကို အသားပေး ဖော်ပြထားပါတယ်။ အချိန်ကုန်ပေမဲ့ အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး။

Quality – 720p  WebRip

Duration – 1 hr 41 min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama

Translator – EL Moh

Encoder – Littleneo

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Healing River 2020


No downloads available

Genres



Related movies