Exit print mode Print Data A+ A- Undo all

Hidalgo(2004)

Unbridled. Unbroken. Unbeaten.
Hidalgo(2004)Hidalgo(2004)

Synopsis:

Hidalgo(2004)

==============

ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့

ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်

ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး

၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့

ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့

သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။

ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့

သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံး

မြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ်

လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။

ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းက

သူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုက

Frank Hopkins ကို “မီးပင်လယ်”လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက်

ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့

အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။

ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် Frank Hopkins တစ်ယောက်

ပြိုင်ပွဲဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ပြိုင်ပွဲက မိုင် ၃၀၀၀ ခရီး

ဖြစ်ပြီးတော့ အလွန်ကြမ်းတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။

အကြောင်းရင်းကတော့ သဲကန္တာရထဲမှာ ပြိုင်ရတာ ဖြစ်ပြီးတော့

သဲမုန်တိုင်းဒဏ်၊ ရေငတ်မှုဒဏ်တွေအပြင် သဲဝဲတွေ၊ အချင်းချင်း

ကောက်ကျစ်မှုတွေကိုပါ ကြုံတွေ့ရမှာမလို့ပါ။ Frank အနေနဲ့ ပွဲနေရာကို

စရောက်ချိန်မှာ အထင်သေးမှုတွေအများကြီးကို ကြုံရပါတော့တယ်။

အမေရိကန်လူမျိုးက ရောင်စပ်မြင်းနဲ့ လာပြိုင်တယ်ဆိုပြီး လှောင်ပြောင်

ကြတာပေါ့။ Frank Hopkins အနေနဲ့ အာရေးဘီးယန်းတွေရဲ့

အကောင်းဆုံးမြင်းတွေကို ကျော်နိုင်ပါ့မလား။ ပြိုင်ပွဲအတွင်းမှာရော

ပြိုင်ဖက်တွေရဲ့ ဘယ်လိုနှောင့်ယှက်မှုတွေကို ကြုံတွေ့ရမလဲ။ ပြိုင်ပွဲကို

အနိုင်ရပြီး ဆုကြေးငွေတွေကိုရော ရသွားနိုင်မလားဆိုတာကိုတော့

Hidalgo ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။

File size…2.1GB / 1.1GB
Quality…Blu-Ray 1080p  / 720p
Format…mp4
Duration….2h 16m
Genre ….. Action , Adventure , Biography
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Elizabeth Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Joe Johnston
Stars
Omar Sharif, Viggo Mortensen, Zuleikha Robinson
Budget
USD $100 000 000,00
Revenue
USD $108 103 450,00
Popularity
25.277
Status
Released
ID IMDb.com
tt0317648
IMDB Rating
6.7
IMDB votes
83K
ID Themoviedb.org
2023
TMDb Rating
6.814
TMDb votes
1018