High-Rise (2015)
IMDb – 5.6/10_____Rotten – 60%
“စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။
အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး” လို့ ၂၀ ရာစုရဲ့
အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein
ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့်
လူတွေ ရူးသွပ်နေကြပါတယ်။
Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton
ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို
ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom
ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ
ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ
ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို
Dracula:Untold မင်းသား Luke Evans က Richard Wilder
နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့
လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု
မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ
ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။
လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က
မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။
ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing
တစ်ယောက် အထပ်မြင့်တိုက်မှာသွားနေပြီးတော့ ဖြစ်ပျက်ကြတဲ့
အကြောင်းလေးတွေကနေ ဇာတ်လမ်းတည်ဆောက်ထားတာပါ။
သွေးထွက်သံယိုခန်းနဲ့ sexခန်း နည်းနည်းပါလို့
မိသားစုနဲ့ကြည့်မကောင်းပါဘူး။
ဒါပေမယ့်လည်း ဒီဇာတ်ကားကိုက တစ်ယောက်တည်းကြည့်ပြီး
ထိုင်တွေးရမယ့်ကားမျိုးဖြစ်လို့
တစ်ယောက်တည်းပဲအေးအေးဆေးဆေး ကြည့်ဖို့ Recommend
ပေးပါရစေ။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်)
“စၾကဝဠာနဲ႔ လူေတြရဲ႕ ရူးသြပ္မႈသာ အဆုံးမဲ့ျဖစ္တယ္။
အေရွ႕ကတစ္ခုကေတာ့ ကၽြန္ေတာ္ မေသခ်ာဘူး” လုိ႔ ၂၀ ရာစုရဲ႕
အၾကီးက်ယ္ဆုံး သိပၸံပညာရွင္လုိ႔ သမုဒ္ခံထားရတဲ့ Albert Einstein
ကေျပာခဲ့ပါတယ္။ ေလာဘေၾကာင့္ ေဒါသေၾကာင့္ ့ေမာဟေၾကာင့္
လူေတြ ရူးသြပ္ေနၾကပါတယ္။
Thor ဇာတ္ကားေတြထဲမွာ Loki အျဖစ္ေတြ႕ရတဲ့ Tom Hiddleton
ကုိ High Rise (2015) မွာေတာ့ သူ႕ရဲ႕ရူးသြပ္မႈကုိ
ရုိးရုိးရွင္းရွင္းေလး ခံယူလုိက္တဲ့ Dr. Laing အျဖစ္ေတြ႕ရမွာပါ။ Tom
ရဲ႕ သရုပ္ေဆာင္စြမ္းရည္ကုိ ဒီဇာတ္ကားမွာ
ထင္ထင္ရွားရွားေတြ႕ႏုိင္မွာပါ။ ဆုိးဆုိးရြားရြား ရူးသြပ္သူေတြၾကားမွာ
ပုံမွန္ရူးသြပ္သူက ဆုိးရြားသူတစ္ေယာက္ျဖစ္ေနတတ္တာကုိ
Dracula:Untold မင္းသား Luke Evans က Richard Wilder
ေနရာကေနသရုပ္ေဆာင္ျပသြားပါတယ္။ Free will ဆုိတဲ့
လြတ္လပ္တဲ့ စိတ္ထားမွာ သန္႔ရွင္းမႈ တရားမွ်တမႈ ေကာင္းမႈ
မေကာင္းမႈေတြ ဆုိတာရွိဖုိ႔မလုိပါဘူးဆုိတာ ဒီဇာတ္ကားမွာ
ခပ္ၾကမ္းၾကမ္းေလးျပေပးထားပါတယ္။
လြတ္လပ္တဲ့ စိတ္ထားရွိသူေတြကုိ အာဏာရွင္တစ္ေယာက္က
မအုပ္ခ်ဳပ္ႏုိင္ဘူးဆုိတာေရာေပါ့။
ဇာတ္လမ္းအက်ဥ္းကေတာ့ ဦးေႏွာက္ခြဲစိတ္ဆရာဝန္ Laing
တစ္ေယာက္ အထပ္ျမင့္တုိက္မွာသြားေနျပီးေတာ့ ျဖစ္ပ်က္ၾကတဲ့
အေၾကာင္းေလးေတြကေန ဇာတ္လမ္းတည္ေဆာက္ထားတာပါ။
ေသြးထြက္သံယုိခန္းနဲ႔ sexခန္း နည္းနည္းပါလုိ႔
မိသားစုနဲ႔ၾကည့္မေကာင္းပါဘူး။
ဒါေပမယ့္လည္း ဒီဇာတ္ကားကုိက တစ္ေယာက္တည္းၾကည့္ျပီး
ထုိင္ေတြးရမယ့္ကားမ်ိဳးျဖစ္လုိ႔
တစ္ေယာက္တည္းပဲေအးေအးေဆးေဆး ၾကည့္ဖုိ႔ Recommend
ေပးပါရေစ။
(ဇာတ္လမ္းအညႊန္းနဲ႔ဘာသာျပန္သူကေတာ့d3mon ျဖစ္ပါတယ္)