Honey, I Shrunk the Kids (1989)
IMDb – 6.4/10_____Rotten – 76%
ဒီဇာတ်ကားလေးကတော့ သိပ္ပံပညာရှင်အဖေတစ်ယောက်ရဲ့ မအောင်မြင်တော့ဘူးလို့ထင်ထားတဲ့
စက်တစ်ခုကနေပြီးတော့ ပေါက်တတ်ကရတွေဖြစ်သွားတဲ့ကားလေးဖြစ်ပါတယ်….
သိပ္ပံပညာရှင်သျှာလင့်စကီတစ်ယောက်အရာဝတ္တုတွေကိုသေးအောင်လုပ်တဲစက်တစ်ခုကို
ဖန်တီးနေတာ နှစ်တွေအတော်ကြာခဲ့ပါပြီ…သူရဲ့ဖန်တီးစမ်းသပ်မှု့တွေကြောင့်လည်း
ဘေးအိမ်ပတ်ဝန်းကျင်ကလူတွေပါ နေ့ရောညပါအနှောင့်ယှက်ဖြစ်ခဲ့ကြပါတယ်..
နောက်ဆုံးမှာတော့ သူ့ကိုအရူးတစ်ယောက်လို့ပဲသတ်မှတ်လိုက်ကြပါတော့တယ်…
တစ်နေ့မှာသူနှစ်ပေါင်းများစွာတီထွင်ပေမယ့်လည်း အောင်မြင်ခြင်းမရှိတဲ့ အရာဝတ္တုတွေကိုသေးအောင်
ချုံ့တဲစက်ဟာ သူ့ရဲ့သားသမီးတွေဆော့ရင်းကနေ ထိခိုက်မိပြီး
ပြန်လည်အသက်ဝင်လာခဲ့ပါတယ်….အဲစက်ကနေသူ့ရဲ့ကလေးတွေကိုအင်းစက်အရွယ်စားထိချုံ့ပစ်လိုက်ပါတယ်…
အဲဒီနောက်မှာတော့ ထိုလူငယ်လေးတွေဟာ သူတို့ရဲ့ခြံဝန်းထဲကနေပြန်ပြီးတော့ အိမ်ကိုရောက်အောင်
ပြန်နိုင်အောင်ကြိုးစားကြရမှာပဲဖြစ်ပါတယ်…
သာမန်အနေထားဆိုရင် ခြံဝန်းနဲ့အိမ်ကို ခြေသုံးလှမ်းလောက်ပဲလှမ်းရမှာဖြစ်ပေမယ့်လည်း
အင်းဆက်အရွယ်သာသာဖြစ်သွားတဲသူတို့အတွက်အိမ်ထဲကိုပြန်ပြီးရောက်အောင်
မိုင်ပေါင်းထောင်ချီအောင် ခရီးဆက်ရတော့မှာပဲဖြစ်ပါတယ်..
ထိုသို့ခရီးဆက်ရင်းလမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ကြုံရမလဲဆိုတာကတော့
စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်…
Disney ကတင်ဆက်ထားတဲ့ကားလေးဖြစ်ပြီးတော့ လူကြီးလူငယ်ပါကြိုက်နှစ်သက်စေမယ့်
ကားကောင်းလေးတစ်ကားဖြစ်ပါတယ်….
Quality…..BluRay 1080p
Duration…..01:33:00
Format…Mp4
File Size…(737 MB)
Translator…..Khin Chan Myae Tun
Encoder…..Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။