Exit print mode Print Data A+ A- Undo all

Hot Shots! Part Deux (1993)

Just deux it.
Hot Shots! Part Deux (1993)Hot Shots! Part Deux (1993)

Synopsis:

Unicode

မနေ့ကတင်ပေးခဲ့တဲ့ Hot Shot Part 1 ရဲ့အဆက်လာပါပြီ။ ဒီကားကတော့ ရုပ်ရှင်ပရိသတ်တွေရဲ့အချစ်တော် စတားလုံးရဲ့ Rambo ဇာတ်ကားကို သရော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆာဒမ်ဟူစိန်ကိုလဲသရော်ထားပြီး Basic Instinct ကိုပါ ဟာသအဖြစ်ထည့်ထားပါသေးတယ်။

ဒီ Part 2 မှာတော့ သူရဲကောင်းကြီး တော်ပါဟာလေဟာ ချစ်သူ ရမန်ဒါနဲ့ကွဲကွာသွားပြီး အာရှမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလဲ
အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းဒေသမှာ ဖမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေကို ကယ်ထုတ်တာ လုံးဝမအောင်မြင်ဘူးဖြစ်နေခဲ့ပါတယ်။
အဲ့ဒါကြောင့် ထုံးစံအတိုင်း တော်ပါဟာလေကို ပြန်ခေါ်ဖို့ကြိုးစားခဲ့ရပြီး ဓားစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲ၊ တော်ပါဟာလေနဲ့ ရမန်ဒါတို့ကရော
ဘာကြောင့်ကွဲကွာသွားရတာလဲ၊ ဆာဒမ်ဟူစိန်ကိုရော ဘယ်လိုရှင်းကြမလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုကြပါ။

ဒီကားမှာ နာမည်အကြီးဆုံးကတော့ ကြက်နဲ့မြားပစ်တဲ့အခန်းပါ။ ဒါ့အပြင် နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကိုပါ သရော်ထားပြီး
Part 1 တုန်းကထက်တောင် ပိုပြီးရယ်ရပါသေးတယ်။ Part 1 ကြည့်ပြီးတဲ့သူတွေအတွက်တော့ Part 2 နဲ့ဆို အချိတ်အဆက်ပိုမိသွားပြီး
ပိုရယ်နေရမှာပါ။ အခု Part 2 မှာ ရုပ်ရှင်ပရိသတ်တွေရဲ့ အချစ်တော် နာမည်ကြီးဟာသသရုပ်ဆောင် နောက်တစ်ယောက်လဲ ပါပါသေးတယ်။
ဘယ်သူလဲဆိုတာတော့ မပြောပြတော့ပါဘူး။

တစ်ခုအသိပေးချင်တာကတော့ Hot Shots နှစ်ကားလုံးမှာ အသုံးပြုသွားတဲ့ဟာသပြက်လုံး၊ ထေ့လုံးတွေဟာ မြန်မာပရိသတ်တွေအတွက်
အလှမ်းဝေးနေပြီး မူရင်းစာသားအတိုင်းပြန်ကြည့်တဲ့အခါ ဟာသအရသာပျောက်သွားပြီး မရယ်ရတော့ပါဘူး။ မင်းသား၊မင်းသမီးနာမည်
အသုံးအနှုန်းကအစ ၁၉၉၀ ဝန်းကျင်က မင်းသားမင်းသမီးဟောင်းကြီးတွေရဲ့ နာမည်ကိုယူပြီး ပြက်လုံးထုတ်ထားတာဖြစ်တဲ့အတွက်
CM ကနေ မြန်မာပရိသတ်နားလည်လွယ်အောင်၊ ဟာသကိုသဘောပေါက်လွယ်အောင်လို့ ပြက်လုံးအတော်များများကို မြန်မာမှုအနည်းငယ်
ပြုထားပါတယ်။ ဒါဟာ ပျော်စေ၊ ပျက်စေသဘောနဲ့လုပ်တာမဟုတ်ပဲ ဟာသတစ်ခုကို အဓိပ္ပါယ်နားလည်လွယ်အောင်လို့ Contextualize လုပ်တယ်လို့ နားလည်ပေးစေချင်ပါတယ်။

ဘာသာပြန်တဲ့ကျွန်တော်ကိုယ်တိုင်လဲ ဒီကားကျမှ ဒီလိုမြန်မာပြက်လုံးတွေထည့်သုံးထားတာဖြစ်ပြီး တခြားကားတွေမှာဆို မူရင်းနဲ့မူကွဲ တစ်သားထဲ
ကျအောင်ပြန်နေကျဖြစ်တဲ့အကြောင်း အသိပေးပါတယ်ခင်ဗျ။

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုအာကာဖြိုးပါ)

Zawgyi

မေန႕ကတင္ေပးခဲ့တဲ့ Hot Shot Part 1 ရဲ႕အဆက္လာပါၿပီ။ ဒီကားကေတာ့ ရုပ္ရွင္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ စတားလံုးရဲ႕ Rambo ဇာတ္ကားကို သေရာ္ထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ဆာဒမ္ဟူစိန္ကိုလဲသေရာ္ထားၿပီး Basic Instinct ကိုပါ ဟာသအျဖစ္ထည့္ထားပါေသးတယ္။

ဒီ Part 2 မွာေတာ့ သူရဲေကာင္းၾကီး ေတာ္ပါဟာေလဟာ ခ်စ္သူ ရမန္ဒါနဲ႕ကြဲကြာသြားၿပီး အာရွမွာ ဇာတ္ျမဳပ္ေနခဲ့ပါတယ္။ တစ္ဖက္မွာလဲ
အေမရိကန္အစုိးရက အေရွ႕အလယ္ပိုင္းေဒသမွာ ဖမ္းခံထားရတဲ့ အေမရိကန္ဓားစာခံေတြကုိ ကယ္ထုတ္တာ လံုး၀မေအာင္ျမင္ဘူးျဖစ္ေနခဲ့ပါတယ္။
အဲ့ဒါေၾကာင့္ ထံုးစံအတိုင္း ေတာ္ပါဟာေလကို ျပန္ေခၚဖို႕ၾကိဳးစားခဲ့ရၿပီး ဓားစာခံေတြကို ဘယ္လိုကယ္ထုတ္မလဲ၊ ေတာ္ပါဟာေလနဲ႕ ရမန္ဒါတို႕ကေရာ
ဘာေၾကာင့္ကြဲကြာသြားရတာလဲ၊ ဆာဒမ္ဟူစိန္ကုိေရာ ဘယ္လိုရွင္းၾကမလဲဆိုတာေတာ့ ဆက္လက္ခံစားၾကည့္ရႈၾကပါ။

ဒီကားမွာ နာမည္အၾကီးဆံုးကေတာ့ ၾကက္နဲ႕ျမားပစ္တဲ့အခန္းပါ။ ဒါ့အျပင္ နာမည္ၾကီးရုပ္ရွင္ေတြထဲက ဇာတ္၀င္ခန္းေတြကုိပါ သေရာ္ထားၿပီး
Part 1 တုန္းကထက္ေတာင္ ပိုၿပီးရယ္ရပါေသးတယ္။ Part 1 ၾကည့္ၿပီးတဲ့သူေတြအတြက္ေတာ့ Part 2 နဲ႕ဆို အခ်ိတ္အဆက္ပိုမိသြားၿပီး
ပိုရယ္ေနရမွာပါ။ အခု Part 2 မွာ ရုပ္ရွင္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ နာမည္ၾကီးဟာသသရုပ္ေဆာင္ ေနာက္တစ္ေယာက္လဲ ပါပါေသးတယ္။
ဘယ္သူလဲဆိုတာေတာ့ မေျပာျပေတာ့ပါဘူး။

တစ္ခုအသိေပးခ်င္တာကေတာ့ Hot Shots ႏွစ္ကားလံုးမွာ အသံုးျပဳသြားတဲ့ဟာသျပက္လံုး၊ ေထ့လံုးေတြဟာ ျမန္မာပရိသတ္ေတြအတြက္
အလွမ္းေ၀းေနၿပီး မူရင္းစာသားအတုိင္းျပန္ၾကည့္တဲ့အခါ ဟာသအရသာေပ်ာက္သြားၿပီး မရယ္ရေတာ့ပါဘူး။ မင္းသား၊မင္းသမီးနာမည္
အသံုးအႏႈန္းကအစ ၁၉၉၀ ၀န္းက်င္က မင္းသားမင္းသမီးေဟာင္းၾကီးေတြရဲ႕ နာမည္ကုိယူၿပီး ျပက္လံုးထုတ္ထားတာျဖစ္တဲ့အတြက္
CM ကေန ျမန္မာပရိသတ္နားလည္လြယ္ေအာင္၊ ဟာသကိုသေဘာေပါက္လြယ္ေအာင္လုိ႕ ျပက္လံုးအေတာ္မ်ားမ်ားကို ျမန္မာမႈအနည္းငယ္
ျပဳထားပါတယ္။ ဒါဟာ ေပ်ာ္ေစ၊ ပ်က္ေစသေဘာနဲ႕လုပ္တာမဟုတ္ပဲ ဟာသတစ္ခုကို အဓိပၸါယ္နားလည္လြယ္ေအာင္လုိ႕ Contextualize လုပ္တယ္လုိ႕ နားလည္ေပးေစခ်င္ပါတယ္။

ဘာသာျပန္တဲ့ကၽြန္ေတာ္ကိုယ္တိုင္လဲ ဒီကားက်မွ ဒီလိုျမန္မာျပက္လံုးေတြထည့္သံုးထားတာျဖစ္ၿပီး တျခားကားေတြမွာဆို မူရင္းနဲ႕မူကြဲ တစ္သားထဲ
က်ေအာင္ျပန္ေနက်ျဖစ္တဲ့အေၾကာင္း အသိေပးပါတယ္ခင္ဗ်။

 

(ဇာတ္လမ္းအညႊန္းနဲ႔ဘာသာျပန္သူကေတာ့ ကိုအာကာျဖိဳးပါ)

 

File Size : (800 MB)
Quality : Blu-Ray 720p
Running Time : 1hr 26min
Format : Mp4
Genre :Action, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.X264-AMIABLE
Translated by Arkar Phyo
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Hot Shots! Part Deux
Director
Jim Abrahams
Stars
Brenda Bakke, Charlie Sheen, David Wohl, Jerry Haleva, Lloyd Bridges, Miguel Ferrer, Mitchell Ryan, Richard Crenna, Rowan Atkinson, Valeria Golino
Release Date
21 May 1993
Rated
PG-13
Runtime
86 min
Awards
1 win.
Country
USA
Budget
USD $25 000 000,00
Revenue
USD $133 752 825,00
Popularity
7.967461
Status
Released
ID IMDb.com
tt0107144
IMDB Rating
6.6
IMDB votes
74,063
ID Themoviedb.org
9255
TMDb Rating
6.2
TMDb votes
573